iMyanmarHouse.com - Best Property Website for Myanmar
×

” ဗီဒီယိုဇာတ်ကားရိုက်ကူးမှု ကန့်သတ် လိုက်တာက ကွာလတီကို ထိန်းတဲ့ သဘောပါ” ဟု ဖွေးဖွေးက ပြောသည်။

ဖွေးဖွေးက လတ်တလောမှာ ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် ‘အချိန်တိုင်း နေရာတိုင်း’ စီးရီးတွဲမှာ ပထမဆုံး ပါဝင် သရုပ်ဆောင် ထားသည်ဟု သိရသည်။
”ကိုယ့်မြန်မာ လူမျိုးတွေကို ကိုရီးယားကားတို့၊ အင်္ဂလိပ်ကားတို့ သီးသန့် ကြိုက်သလို မြန်မာကား ကိုလည်း သီးသန့် ကြိုက်စေတယ်။ ဒီလိုဖြစ်ဖို့ အားလုံး ဝိုင်းဝန်းပြီး ကြိုးစားနေတဲ့ အထဲမှာ ကိုယ်လည်း တစ်ယောက် အပါအဝင်ပါ” ဟု ဖွေးဖွေးက ပြောသည်။

”ဖွေး ဒီစီးရီးကို လက်ခံတာ ကိုဝိုင်း ကြောင့်ပါ” ဟု ဖွေးဖွေးကပြောသည်။
”ရိုက်ကွင်းတစ်ခုမှာ ဒါရိုက်တာက အရေးကြီးဆုံးပဲ။ ကိုယ့်အကြောကို ဘယ်လောက် သိလဲ။ ဒါရိုက်တာနဲ့ အပေးအယူ မျှဖို့၊ အခြား သရုပ်ဆောင်တွေနဲ့ အပေးအယူ မျှဖို့က အများကြီး လိုအပ်တယ်။ အဲဒါတွေ အသိဆုံး ပုဂ္ဂိုလ်က ဒါရိုက်တာပဲ” ဟု ၄င်းကပြောသည်။

Credit : Popular Journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top