iMyanmarHouse.com - Best Property Website for Myanmar
×











ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့များဟာ စတင်ပေါ်ကာစကတော့ချစ်စရာကောင်းတဲ့ အပြစ်ကင်းတဲ့ ကလေးလေးတွေ၊ အရုပ်လေးတွေအသွင်ကို ယူထားကြ၊ အ ချစ်ဦးသီချင်းတွေကို သီဆိုခဲ့ကြပေမယ့်ယခုအခါမှာတော့ တိုလွန်း ကျပ်လွန်းတဲ့ စကပ်တွေ၊ဘောင်းဘီတွေနဲ့လိင်ဆွဲ ဆောင်မှုကိုအသားပေးပြီး အနောက်တိုင်း ယဉ်ကျေး မှုပါလွှမ်းမိုးလာလျက်ရှိတယ်လို့ ကိုရီးယား အနု ပညာရှင်တွေရဲ့ အကြောင်းတွေကို အစုံအလင် ဖော်ပြ ပေးနေတဲ့Kpop-starz က ဆောင်းပါးတစ်ပုဒ်မှာထောက်ပြခဲ့ ပါတယ်။ ကနဦးS.E.S နဲ့ Fin.K.L. အဖွဲ့တို့မှာအပြစ်ကင်းပြီးချစ်စရာကောင်းနေတဲ့ဟန်ရှိပေမယ့် ယနေ့ကိုရီးယားပေါ့ပ်ဂီတလောကမှာတော့ အသား ကိုအဓိကအသားေ ပးဖော်ပြလာကြကြောင်း နဲ့ အောင်မြင်မှုနဲ့ဆွဲဆောင်နိုင်မှုအတွက် ဖျော်ဖြေ ရေးကုမ္ပဏီများကလည်းအချိန်နဲ့စရိတ်ကိုချွေတာ ပြီးအနောက်တိုင်းဂီတဈေးကွက်လို လိင်အသား ပေးဆွဲဆောင်မှုဘက်ဆီ လှည့်စေခဲ့ကြောင်းတို့ကို ဖော်ပြခဲ့ပါတယ်။

လိင်ဆွဲဆောင်မှုအားကောင်း ကောင်းနဲ့ဖျော်ဖြေတဲ့ လီဟိုရီနဲ့ ပက်ဂျီယွန်းတို့လို ဖျော်ဖြေ သူတွေလည်းရှိနေပေမယ့် အခုလို မိန်းကလေး ငယ် အဆိုတော်အုပ်စုလိုက်တွေကပါ အတိုအပြတ် တွေဝတ်ပြီး ဆွဲဆောင်တဲ့သီချင်းတွေသီဆိုနေတာက အဖွဲ့တိုင်းရဲ့တူ ညီချက်လိုဖြစ်လာပြီး ယဉ်ကျေးမှုထိန်းသိမ်းရာမှာ စိုးရိမ်စရာ ဖြစ်လာပါတယ်။ ယခင်က အပြစ်ကင်းတဲ့ဖျော်ဖြေမှုတွေလုပ်တတ်တဲ့ SISTAR လိုအဖွဲ့မှာတောင် ဖျော်ဖြေတဲ့ အသွင်ပြောင်းပြီး လိင်ဆွဲ ဆောင်မှုနဲ့ အောင်မြင်မှုဆီချဉ်းကပ်ပုံပြောင်းလာခဲ့ပါတယ်။ Girl’s Day ကလည်း အလားတူဖြစ်ပြီး AOA (Aces of Angels) အဖွဲ့ကတော့ လိင်ဆွဲဆောင်မှုအားကောင်းအောင် ဖျော်ဖြေတတ်ဆုံး နမူနာပြရမယ့်အဖွဲ့ လို့ဆိုပါတယ်။နောက်ဆုံးတော့ အရည်အချင်းကိုပြတာထက် လိင်ဆွဲ ဆောင်မှုနဲ့ဖျော်ဖြေတာ ကို အများပြည်သူကအားပေးမှုပိုရလာမလား၊ကိုရီးယားဂီတဈေးကွက်မှာ အနောက်တိုင်းပိုဆန်ပြီး ကိုရီးယားရဲ့ လေဒီ ဂါဂါ တို့ ကိုရီးယားရဲ့ ကေတီပါရီတို့တောင် မကြာခင်နှစ်များအတွင်း ပေါ်လာနိုင်လေမလားလို့ အဲဒီဆောင်းပါးက သုံးသပ်ထားပါတယ်။

Credit : Popular journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top