iMyanmarHouse.com - Best Property Website for Myanmar
×











 တောင်ကိုရီးယား အဆိုတော်အဖွဲ့ BIGBANG အဖွဲ့သည် ၂၀၁၅ ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ် MADE ဖျော်ဖြေမည့် နေရာများနှင့် ရက်များကို ထပ်မံဖြည့်စွက်ခဲ့ကြောင်းနှင့် ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ်နေရာများနှင့် ရက်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း အဖွဲ့၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

BIGBANG အဖွဲ့သည် ဧပြီ ၂၅ နှင့် ၂၆ရက်က ဆိုးလ်မြို့တွင် ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ်ကို စတင်ခဲ့သည်။ လက်ရှိ အစီစဉ်များအရ မေလကုန်တွင် ကွမ်ကျိုးမြို့တွင် ဖျော်ဖြေသွားမည်ဖြစ်ပြီး ဇွန်လတွင် ဟောင်ကောင်နှင့် ရှန်ဟိုင်းမြို့များတွင် ဖျော်ဖြေသွားမည် ဖြစ်သည်။

ဇွန်လတွင် ဘန်ကောက်၊ စင်္ကာပူ၊ကွာလာလမ်ပူနှင့်မနီလာမြို့တို့တွင် ဖျော်ဖြေသွားမည်ဖြစ်ပြီး ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်၏ အရှေ့တောင်အာရှ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် သြဂုတ် ၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဖျော်ဖြေသွားမည် ဖြစ်သည်။

BIGBANG အဖွဲ့၏ ထပ်မံဖြည့်စွက်ထားသော ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ်ရက်များတွင် ဂျပန်နိုင်ငံပါဝင်ပြီး ၂၀၁၅ခုနှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလတို့တွင် ဂျပန်နိုင်ငံရှိ မြို့ငါးမြို့တွင် ဖျော်ဖြေရေးပွဲပေါင်းများစွာဖြင့် ဖျော်ဖြေသွားမည် ဖြစ်သည်။

Credit : mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top