iMyanmarHouse.com - Best Property Website for Myanmar
×














ပရိသတ်တွေ ဝေဖန်ကြတဲ့ အသံပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအတတ်နိုင်ဆုံးကြိုးစားပြင်ဆင်ပါ့မယ်ဆိုတဲ့ ခင်ဝင့်ဝါက အသံမပြောင်းလဲရင်တောင် သရုပ်ဆောင်ရမဲ့ကာရိုက်တာအိုက်တင်ပိုင်းကို အကောင်းဆုံးဖြစ်စေရပါ့မယ်လို့ ခုလို ဆိုပါတယ်။ "ညီမ အကောင်းဆုံးတော့ကြိုးစားပြီးပြင်ဆင်ပါမယ်။ ဒါပေမဲ့ အသံကလဲ မွေးကတည်းက ဒီအသံပဲဆိုတော့ အိုက်တင်ပိုင်းဆိုင်ရာကို ပိုကြိုးစားပြီးပြင်ဆင်ဖြစ်ပါမယ်။" တဲ့။

ခင်ဝင့်ဝါဟာ ခုလတ်တလောမှာ ဂျာကင်ဟောင်းလေး ဆိုတဲ့ကားကို အဆိုတော် လွှမ်းပိုင်နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒါရိုက်တာကကိုအောင်ဇော်လင်းလို့ သိရပါတယ်။ ဒီကားနဲ့ ပတ်သက်ပြီး သူမက "'ဒီကားလေးက အခက်အခဲတော့ သိပ်မရှိပါဘူး။ ကိုလွှမ်းပိုင်ကလဲ သရုပ်ဆောင်တတ်တယ်။ ကိုအောင်ဇော်လင်းကလဲ ဆရာလိုဖြစ်နေတဲ့ အခါကျတော့ သင်ပေးတယ်။ အကုန်လုံး အဆင်ပြေတယ်။ ဒီကားလေးရိုက်တော့ အရင်ကျောင်းတက်ရတဲ့ ဘ၀တွေကိုတော့ ပြန်လွမ်းမိတယ်။ ညီမက ၂နှစ်ကျောင်း တက်ဖူးတယ်ဆိုတော့ First Year စတက်တဲ့ ခံစားမှုမျိုးကိုတော့ပြန်ရမိတယ်။ ဒီကားလေးမှာ ထူးထူးခြားခြား ပြင်ဆင်စရာလဲမရှိဘူး။ ကာရိုက်တာလေးက ကောင်မလေးကအေးဆေးတယ်။ စိတ်ထားဖြူတယ်ဆိုတော့ အ၀တ်အစားပိုင်းကိုတော့ မြန်မာဆန်ဆန်လေးတွေဝတ်ဖြစ်တယ်။"လို့ ဆိုပါတယ်။

ကားရိုက်နဲ့ပတ်သက်တဲ့ပြင်ဆင်မှုကိုတော့ "တစ်ကားနဲ့တစ်ကား ကားရိုက်များလာလေလေ ကိုယ့်တွက် အန္တရယ်များလာလေလေပဲ။ တစ်ကားထက် တစ်ကား တိုးတက်အောင်လဲကြိုးစားရမယ်။ တစ်ကားထက် တစ်ကားလဲ အိုက်တင် ပိုကောင်းလာအောင် ကြိုးစားရမယ်။ ကိုယ်ကားရိုက် များလာလေလေ ကိုယ့်အတွက်ပြိုင်ပွဲဝင်နေသလိုပါပဲ"တဲ့။

Miss တွေထဲမှာ ပရိသတ်လက်ခံတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ရခြင်းအပေါ် သူမရဲ့ ခံစားမှုကတော့ "ဒါ ပရိသတ်တွေရဲ့မေတ္တာ၊ ပရိသတ်တွေရဲ့အားပေးမှုကြောင့်နေရာ တစ်ခုရသွားတယ်လို့ထင်မိပါတယ်။ အဲ့ဒီတွက်လဲ ပရိသတ်တွေ အားလုံးရော ၊ ဆရာသမားတွေ အားလုံးရော၊ ခင်ဝင့်ဝါရယ်လို့ဖြစ်လာအောင် ကူညီပေးခဲ့တဲ့လူတွေရဲ့ကျေးဇူးကြောင့် ညီမအခုလို ရပ်တည်ခွင့်ရတာပါ။ အားလုံးကသူ့ကံတရားရယ်၊ သူ့စန်းရယ်၊ အကျိုးအကြောင်း တိုက်ဆိုင်ပြီးဖြစ်လာတာပါ။ ပရိသတ်တွေ အားပေးလာတာနဲ့အမျှ တိုးတက်မှုရှိအောင်ကြိုးစားနေရပါမယ်" လို့ ပြောပြသွားခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top