iMyanmarHouse.com - Best Property Website for Myanmar
×









၁ – သံသယစိတ်ကို ဖျောက်လိုက်ပါ
အဆက်အသွယ်ပြတ်တောက်တယ့်အခါသံသယစိတ်ဟာ ချစ်သူတိုင်းဖြစ်တတ်တယ့် သဘာဝမို့ ထိန်းဖို့လိုပါတယ်ဒါဟာ ချစ်သူတွေကြားအန္တရာယ်များလွန်းပါတယ်။

၂ – စိုးရိမ်စိတ်ကို မြှင့်လိုက်ပါ
တခုခုကြောင့် သူမဆက်သွယ်တာဖြစ်လိမ့်မယ်လို့တွေးကြည့်ပါလက်လှမ်းမှီသလောက်
ကိုယ်က ဆက်သွယ်ဖို့ကြိုးစားကြည့်ပါ။

၃ – အလွမ်းဖြေပါ
ချစ်ခဲ့တယ့်အကြောင်းလေးတွေပြန်တွေးပါမက်စေ့ဟောင်းလေးတွေ ပြန်ဖတ်ပါ။

၎ – စာပို့ပါ
ဖုန်းမက်စေ့၊viberမက်စေ့၊fbမက်စေ့အကုန်ဖြစ်ဖြစ်တခုခုဖြစ်ဖြစ်ကိုယ်သတိရစိတ်ပူနေကြောင်း ရေးပို့ထားပါ။

၅ – ချစ်သူကို ယုံပေးပါ
ကိုယ့်အချစ်ကို ယုံစေချင်သလိုသူ့အချစ်ကိုလည်း ယုံကြည်ပေးလိုက်ပါ
ဒါဟာ ချစ်သူတွေကြားအများကြီးအထောက်အကူပြုပါတယ်။

၆ – အဆင်သင့်ဖြစ်နေပါစေ
သူဆက်သွယ်လို့ရမယ့် အရာရာတိုင်းကို အဆင်သင့်ဖြစ်အောင်ထားပါဥပမာ – ဖုန်းမအားတာမျိုး မဖြစ်အောင်ထားပါအင်တာနက် မကြာခဏ ဖွင့်ကြည့်ပေးတာမျိုးပေါ့။

၇ – သူမကြိုက်တာတွေကို မလုပ်ပါနဲ့
အရွဲ့တိုက်ထားတာမျိုးဖုန်းမကိုင်တာမျိုးတွေ ရှောင်ပါ။

၈ – သူ့ဘက်က ဖြည့်တွေးပေးပါ
သူလည်းဆက်သွယ်ဖို့ ကြိုးစားနေမှာပဲမရလွန်းလို့သာ မဆက်သွယ်လာတာဖြစ်နိုင်ကြောင်းတွေးပေးပါ။

၉ – သင်္ကေတတခုခုလုပ်ထားပါ
ကဗျာရေးထားတာမျိုး၊ ပန်းချီဆွဲထားတာမျိုး၊ ဗလာစာရွက်နဲ့ သူနာမည်လေးတွေချည်းချရေးထားတာမျိုး
နောက်ဆုံး viber မှာကိုယ့်လက်ရေးနဲ့ သူနဲ့ကိုယ့်နာမည်လေးတွေ တူယှဉ်တွဲရေးထားတာမျိုးလေးတွေ အများကြီးလုပ်ပေးပါ။

၁၀ – သတိပြုပါ
ချစ်သူတိုင်း အဆက်အသွယ်ပြတ်တောက်ဖူးကြပါတယ်ထိုအခါ အပြင်းအထန်လွမ်းတတ်ကြပါတယ်
လွမ်းတာကနေ အလွမ်းလွန်တဲ့အခါသံသယဘက်ပြောင်းသွားလို့ ချစ်လျက်နဲ့လမ်းခွဲသွားရသူတွေတပုံကြီးပါ
အပြင်းအထန်လွမ်းပြီးလို့ ပြန်ဆုံကြတယ့်အခါဖြစ်စေအဆက်အသွယ်ရသည့်အခါ ထိုပိတိဟာ အလှပဆုံးကဗျာတစ်ပုဒ်ထပ်ပိုပါတယ်။

၁၁ – အလွမ်းကို အရသာခံပါ
လွမ်းရတာမကောင်းပါဘူးဒါပေမယ့် အလွမ်းဆိုတာ မချစ်ပဲလွမ်းလို့မရပါဘူးတောင်ခြေဟာ ဘယ်လောက်လှတယ်ဆိုတာကိုတောင်ခြေက လူတွေက သတိမထားမိကြပါဘူး
တောင်ပေါ်ကကြည့်မှ တောင်ခြေအလှသိရသလိုကိုယ်တွေဘယ်လောက်ချစ်ကြတယ်ဆိုတာလည်း
ချစ်နေတုန်းက သတိမပြုမိကြပါဘူး။

ဝေးရ လွမ်းရတယ့်အခါကျမှ ဘယ်လောက်ချစ်တယ်ဆိုတာ သိနိုင်တာမျိုးပါဒါကြောင့် ကိုယ်ချင်းမစာတာတော့ မဟုတ်ပါဘူးအလွမ်းကိုအရသာခံပါအလွမ်းဟာ ချစ်ခြင်းရဲ့သစ်သီးတစ်လုံးပါပဲ
ချစ်ကြတယ့်သူတွေအတွက် အရမ်းချိုမြိန်ပါတယ် . . . ။

Credit : Ulay Kyi ( ကို လင်း )

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top