iMyanmarHouse.com - Best Property Website for Myanmar
×









ဇနီးမောင်နှံတွေ ချစ်သူတွေအားလုံး နားလည်မှုတွေလွဲမှားပြီး မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်စေဖို့ စိတ်ဖိစီးတဲ့အခါ ယောက်ျားမိန်းမ တုံ့ပြန်ပုံခြားနားချက်တွေကို ဖော်ပြလိုက်ပါတယ်။

စိတ်ထဲမှာ တင်းကြပ်လာတဲ့အခါ မိန်းမတွေဟာ မစဉ်းစားမဆင်ခြင်ပဲ စကားတွေလျှောက်ပြောတတ်ကြပြီး ယောက်ျားတွေကတော့ ရှေ့နောက်မကြည့်ပဲ လျှောက်လုပ်တတ်ကြပါတယ်။ အိမ်ထောင်ရှင်တွေ ချစ်သူရည်းစားတွေအဖို့ မိန်းမနဲ့ ယောက်ျားနှစ်ယောက် စလုံးမှာ စိတ်ဖိစီးမှု ရှိနေပြီဆိုရင် အကောင်းဆုံးကတော့ သီးသန့်စီဖြေရှင်းကြဖို့ပါပဲ။

စိတ်ဖိစီးတဲ့အခါ ယောက်ျားဟာ စကားပြောလုံးဝရပ်သွားမယ်။ ဒါကို မိန်းမက စိတ်ညစ်ရတယ်။ မိန်းမကတော့ စိတ်ဖိစီးလာရင် စကားတွေ အများကြီး ပြောမယ်။ ဒါကို ယောက်ျားက နားလည်အောင် မဖမ်းဆုပ်နိုင်ဘူး။
ကိုယ့်ခင်ပွန်းကို အားပေးကူညီချင်လို့ အခက်အခဲအကြောင်းကို မေးတဲ့အခါ အဲဒီကနေစပြီး မိန်းမက မှားပြီ။ ယောက်ျားက ငါတစ်ယောက် တည်းနေပါရစေလို့ပြောမယ်။ ဒါမှမဟုတ်လည်း တစ်နေရာကို ထွက်သွားမယ်။ အဲဒီအခါ မိန်းမက စိတ်ညစ်ရမယ်။ မိန်းမကတော့ စိတ်ဖိစီးမှုအတွက် သူ့အခက်အခဲတွေကို ပြောပြချင်နေပေမဲ့ ယောက်ျားက ပြဿနာဖြေရှင်းနည်းအဖြစ် အဝေးထွက်သွားတော့ မိန်းမက ၀မ်းနည်းရပါတယ်။ အဲဒီမှာ မိန်းမက သူ့ကိုမချစ်တော့ဘူး ပစ်ပယ်လိုက်ပြီဆိုပြီး ယောက္ခမတွေသွားတိုင်၊ အမေ အစ်မနဲ့ သူငယ်ချင်းတွေကို တိုင်တော့တာပါပဲ။

တကယ်တော့ ယောက်ျားနဲ့ မိန်းမကြားမှာ စိတ်ဖိစီးမှုခြားနားချက်ကို နားလည်မှုလေးပေးပြီး စကားလုံးဝ မပြောကြေးနည်းလမ်းနဲ့ စတင်ဖြေရှင်းသင့်ပါတယ်။ ယောက်ျားဟာ တည်ငြိမ်စွာဖြေရှင်းဖို့ နည်းလမ်းရှာဖွေပါတယ်။ ယောက်ျားရဲ့ ဦးနှောက်ဟာ တစ်ခြမ်းနဲ့ တစ်ခြမ်း ဆက်သွယ်မှုပြတ်တောက်နေတာမို့ စိတ်ခံစားမှုကိုထိန်းချုပ်ဖို့ စကားပြောလုံးဝရပ်လိုက်မှသာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနိုင်ပါတယ်။
အဲဒီအချိန်မှာမိန်းမက အားပေးမယ်၊ စပ်စုပြီးဝင်ဖြေရှင်းပေးမယ်ဆိုရင်တော့ မှားပါတယ်။ မိန်းမက ယောက်ျားသူ့ကို ပိုချစ်လာအောင် ကြိုးစားဖို့အခွင့်အရေးရတယ်လို့ ထင်နေပေမဲ့ ယောက်ျားကတော့ သူ့ဖြေရှင်းနိုင်စွမ်းကို မိန်းမက မယုံကြည်ဘူးလို့ပဲ ခံစားမိပါတယ်။

ယောက်ျားတွေဟာ စိတ်ဖိစီးရင် တစ်ယောက်တည်းပဲနေတတ်တာမို့ မိန်းမစိတ်ဖိစီးနေတဲ့ အခါမှာလည်း မနှောင့်ယှက်လိုတဲ့သဘောနဲ့ အပြင်ထွက်ပြီးရှောင်နေတတ်ပါတယ်။ အဲဒီမှာ လွဲပြန်တာပါပဲ။ မိန်းမက ဖေးမကူညီမှုကို မျှော်လင့်တာကိုး။
အနှစ်ချုပ်ပြောရရင်တော့ “မိန်းမ စိတ်ဖိစီးနေတဲ့အခါ တစ်ယောက်တည်းမထားပဲ နှစ်သိမ့်ပေးပါ။ နွေးထွေစွာဆက်ဆံပြီး အလေးအနက်ထားကြောင်းပြသပါ။ ယောက်ျားစိတ်ဖိစီးနေတဲ့အခါ သူ့ကိုတစ်ယောက်တည်းလွတ်လပ်စွာ ထားလိုက်ပါ။ သူ့ဘာသာသူ့ ဖြေသိမ့်ပြီးအဆင်ပြေသွားပါလိမ့်မယ်။”

Credit: Yangon Life

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top