ကိုယ်ခန္ဓာအလေးချိန် လျော့ချချင်သူတွေ သိထားသင့်တဲ့ ကယ်လိုရီ ၁၀၀ အောက်ရှိတဲ့ အစားအစာများ
မိမိစားတဲ့ အစားစာကို ဂရုစိုက် စားသုံးပြီး ကိုယ်အလေးချိန် ထိန်းသိမ်းချင်တယ်ဆိုရင်တော့ ကယ်လိုရီ ၁၀၀ အောက်လျော့နည်းစွာ ပါဝင်တဲ့ အစားအစာတွေကို သိထားဖို့ အချိန်တန်ပါပြီ။
ဒီအစားအစာတွေကို ပုံမှန်လေ့ကျင့်ခန်းတွေနဲ့ တွဲပေးလိုက်မယ်ဆိုရင် လှပပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ရရှိ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ကယ်လိုရီနည်းတဲ့ ဒီအစားအစာတွေကို အမြဲဆောင်ထားပါ။ ဒီလိုဆိုရင် မိမိရဲ့ခန္ဓာကိုယ် သွယ်လျပြီး ပိုမိုလှပလာမှာ အသေအချာပဲ ဖြစ်ပါတယ်။
အလယ်အလတ်အရွယ်ရှိ ငှက်ပျောသီး - ၉၀ ကယ်လိုရီ
ပန်းသီးမကြီးမသေး - ၈၀ ကယ်လိုရီ
လိမ္မော်သီး မကြီးတကြီး - ၆၅ ကယ်လိုရီ
သစ်တော်သီး မကြီးမသေး - ၁၀ ကယ်လိုရီ
ဘယ်ရီသီး အနည်းငယ် - ၅၀ - ၉၀ ကယ်လိုရီ
ကီဝီ - ၄၅ ကယ်လိုရီ
ခရမ်းချဉ်သီး - ၂၅ ကယ်လိုရီ
ပုဇွန်ဟင်း ၆၀ ဂရမ် - ၈၄ ကယ်လိုရီ
ကြက်ဥပြုတ် (၁) လုံး - ၇၂ ကယ်လိုရီ
ငရုတ်ကောင်းမုန့် ၇၅ ဂရမ် - ၁၄ ကယ်လိုရီ
မှို ၇၅ ဂရမ် - ၈ ကယ်လိုရီ
ပန်းဂေါ်ဖီစိမ်း - ၂၆ ကယ်လိုရီ
မုန်လာဥ ၇၅ ဂရမ် - ၂၇ ကယ်လိုရီ
ပဲနို့ ၁၂၀ မီလီလီတာ - ၆၀ ကယ်လိုရီ
မက်မွန်သီးရည် ၂၄၀ မီလီလီတာ - ၇၀ ကယ်လိုရီ တို့ပဲ ဖြစ်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...