iMyanmarHouse.com - Best Property Website for Myanmar
×

လေ့လာမှုအသစ်တစ်ခုအရ  သွေးဆုံးပြီးသူအမျိုးသမီးများတွင် အချိုရည်များသောက်သုံးခြင်းက သားအိမ်ကင်ဆာပိုဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။

ယင်းလေ့လာမှုအား University of Minnesota  မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး  အမျိုးသမီး ၂၃၀၃၉ဦး၏ပြီးခဲ့သော ၁၂လအတွင်း စားခဲ့သည့်အစားအစာ ၁၂၇မျိုးအား စစ်တမ်းကောက်ယူ ၍ရလဒ်များအား အသုံးပြု၍ ယင်းအချက်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရလဒ်များအရ သွေးဆုံးပြီးချိန်၌ ယင်းအချက်ကို ဖော်ပြ ခဲ့ခြင်းဖြစ်သည်။

ရလဒ်များအရ သွေးဆုံးပြီးချိန်၌ အချိုလွန်ကဲသည့် ဖျော်ရည်များသောက်သုံးခြင်းက အီစထရိုဂျင်ပေါ်မူတည်၍ ဖြစ်ပွား သည့်အမျိုးအစား(၁)သားအိမ်ကင်ဆာ (Oestrogen -dependent type I endometrial cancer) ၇၈% ပိုမိုဖြစ်ပွားကြောင်း တွေ့ရသည်။

ဆက်လက်၍ လေ့လာချက်များအရ အ၀လွန်သည့်အမျိုးသမီးများတွင်လည်း အင်ဆူလင်နှင့်အီစထရိုဂျင် ပမာဏသာမန်သူများထက် ပိုများနေတတ်ပြီး ယင်းအချက်များကလည်း အထက်တွင်ဖော်ပြခဲ့သည့် သားအိမ်ကင်ဆာပိုဖြစ်နိုင်ကြောင်း တွေ့ရသည်။

Credit : Health Updates Journal

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top