iMyanmarHouse.com - Best Property Website for Myanmar
×









PMS ဓမ္မတာမလာခင် အတောအတွင်း အမျိုးသမီး အများအပြားဟာ နေထိုင်မကောင်းဖြစ်စေတဲ့ ရင်သားနာကျင်မှုနဲ့ ကိုက်ခဲမှုကို ခံစားကြရပါတယ်။ ဒါပေမယ့် ဟော်မုန်းဓာတ်ပြောင်းလဲမှုတွေက လွဲလို့ ရာသီကာလက တစ်ဆက်တည်း လိုက်လာပါတယ်။ ရင်သားနာကျင်မှုဖြစ်ပွားခြင်းရဲ့ တခြားအကြောင်းတရားတွေ ရှိပါတယ်။

အဖြစ်များဆုံး ရင်သားနာကျင် ကိုက်ခဲမှုဖြစ်စေတဲ့ အကြောင်းတရားတွေနဲ့ အဲဒီအခြေအနေကို ဘယ်လို အဆင်ပြေကောင်းမွန်သွားအောင် ဆောင်ရွက်ရမယ် ဆိုတာတော့……

(၁) Premenstrual Syndrome - PMS ရာသီမလာခင်ဖြစ်တဲ့ ရောဂါလက္ခဏာစု
ရင်သားနာကျင်တဲ့ နံပါတ်တစ် အချက်မှာ PMS ကာလအတွင်း ဟော်မုန်းဓာတ်ပြောင်းလဲခြင်းဖြစ်ပါတယ်။ ရာသီလာချိန်မတိုင်မီ ရက်အနည်းငယ်အတွင်း နာကျင်မှု အပြင်းထန်ဆုံးဖြစ်ပါတယ်။ ဟော်မုန်းပမာဏပြောင်းလဲမှု အရှိန်အဝါကြောင့် ဆတ်ဆတ်ထိ မခံဖြစ်ခြင်းနဲ့ ဖူးယောင်တာတွေ ဖြစ်ပေါ်ပြီး ရာသီဆုံးတာနဲ့ အဲဒီနာကျင်မှုလည်း လုံးလုံးပျောက်သွားပါတယ်။

သန္ဓေတားဆေးလုံးများက ၄င်းနာကျင်မှုမျိုးကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။ အကြောင်းက သန္ဓေတည်ခြင်းကို တားဆီးပေးပြီး ဟော်မုန်းပမာဏတည်ငြိမ်အောင် ထိန်းသိမ်းလိုက်ခြင်းကြောင့်ဖြစ်ပါတယ်။

(၂) ကိုယ်ကာယလှုပ်ရှားမှုအလွန်အကျွံဖြစ်ခြင်း
လေ့ကျင့်ခန်း အပြင်းအထန် လုပ်ပါက ရင်သားနာကျင်ကိုက်ခဲမှုကို ခံစားနိုင်ပါတယ်။ သို့သော် အမှန်တော့ အဲဒါဟာ ရင်သားအောက်ဘက်မှာ ရှိတဲ့ ကြွက်သားကနေ လာတာဖြစ်ပါတယ်။
နွေးနွေးထွေးထွေး နေခြင်းက အဲဒီနာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။

(၃) ကော်ဖီအလွန်အကျွံသောက်ခြင်း
ကဖိန်းဓာတ်ရှောင်တာ အထူးသဖြင့် ရင်သားတစ်ရှူးမှာ အဖုငယ်တွေရှိတဲ့ အမျိုးသမီးတွေမှာ ရင်သားနာကျင်ကိုက်ခဲမှုကို လျော့ကျစေနိုင်ပါတယ်။

(၄) အပြည့်အဝမဖုံးအုပ်နိုင်တဲ့ ဘရာစီယာ
အတွင်းခံ ကြပ်လွန်း သို့မဟုတ် ချောင်လွန်းတဲ့ ဘရာစီယာတွေ ဝတ်မယ်ဆိုရင် မသက်မသာဖြစ်တဲ့ ရင်သားနာကျင်ကိုက်ခဲမှုဖြစ်ပေါ်နိုင်ပါတယ်။ ဒီ့အပြင် ရင်ဘတ်ကို ဖုံးသင့်သလောက် ဖုံးအုပ်မထားဘူးဆိုရင် နေ့ဘက် မကြာခဏ လှုပ်ရှားနေခြင်းကြောင့် ဆတ်ဆတ်ထိ မခံဖြစ်စေနိုင်ပါတယ်။

(၅) ရင်သားတစ်ရှူးရှိ အဖုငယ်များ
ရင်သားတစ်ရှူးမှာ အဖုငယ်လေးတွေ ရှိရင် မီးယပ်ရာသီကာလအတွင်း ဆတ်ဆတ်ထိမခံ နာကျင်ခဲမှုဖြစ်ပွားမယ့် အလားအလာများပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top