iMyanmarHouse.com - Best Property Website for Myanmar
×










တစ်ရက်လျှင် တစ်ထိုင်တည်းနှင့် မိနစ်(၃၀)ကျော် အိုင်ပတ်သုံးသော ကလေးများ ကြီးလာလျှင် ကျောအောင့် ဇက်နာ ပိုဖြစ်နိုင်ကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

ထိုင်နေစဉ် အိုင်ပတ် သို့မဟုတ် တဲဘလက် တစ်မျိုးမျိုးကို ကုန်းပြီး သုံးလေ့ရှိသော ကလေးများသည် မှားယွင်းသော ထိုင်မှုပုံစံကြောင့် ရေရှည်တွင် ကျောရိုးနှင့် ဇက်ရိုးပိုင်း ဒဏ်ဖြစ်ကာ ကြီးလာလျှင် ကျောအောင့် ဇက်နာ ပိုဖြစ်တတ်ကြောင်း သုတေသန ပညာရှင်များက ဆိုလိုက်သည်။ ကလေးများအနေဖြင့် တဲဘလက်များကို တစ်ထိုင်တည်း သုံးချိန်ကို မိနစ် (၃၀)ထက် မပိုသင့်ကြောင်း မဲလ်ဘုန်းမြို့မှ လူမှုဘ၀ ဆိုင်ရာ ကျွမ်းကျင်သူ စတက်ဖနီ ကတ်စီဒီ က ပြောသည်။ တဲဘလက်ကို ထိုင်သုံးပြီးတိုင်း လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ နေပေးသင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။

ယနေ့ခေတ် မိဘ အများစုသည် ကလေးငြိမ်နေအောင် တဲဘလက် သို့မဟုတ် ဖုန်းပေးဆော့ ထားတတ်ကြကြောင်း သြစတြေးလျ ကာတင် တက္ကသိုလ်မှ သုတေသန ပညာရှင်များကလည်း ဆိုသည်။ စစ်တမ်းဖြေဆိုသူ မိဘ(၄၀) ရာခိုင်နှုန်းကျော်က ကလေးငြိမ်နေအောင် တဲဘလက်မှာ ဂိမ်းပေးဆော့ ထားလိုက်သည်ဟု ဖြေကြသည်။

စစ်တမ်းတွင် ပါဝင်သူ အသက် ငါးနှစ်အောက် ကလေး(၁၅၉) ဦးအနက် လေးပုံတစ်ပုံသည် တစ်ရက်လျှင် မိနစ် (၃၀)ကျော် တီဗီရှေ့ ထိုင်ကြည့်ဖြစ်ပြီး ရုံးပိတ်ရက်များတွင်(၄၅)မိနစ် လောက်ထိ ထိုင်ဖြစ်ကြကြောင်းလည်း သိရသည်။ ရုံးဖွင့် ကျောင်းဖွင့်ရက်များတွင် ကလေးများ၏ (၆၀) ရာခိုင်နှုန်းသည် တစ်ရက်လျှင် တဲဘလက် သို့မဟုတ် စမတ်ဖုန်း တစ်နာရီဝန်းကျင် အသုံးပြုကြသည်။ ရုံးပိတ် ကျောင်းပိတ် ရက်များတွင် တစ်နာရီအထက် အသုံးပြုသူကလည်း (၁၀) ရာခိုင်နှုန်းကျော် ရှိသည်။

Credit : messenger news journal

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top