iMyanmarHouse.com - Best Property Website for Myanmar
×














မိမိဆံပင်ပုံစံကို ထိန်းသိမ်းရာမှာ ကိုယ်လိုချင်တဲ့ ဆံပင်ပုံစံပေါ် ကိုယ့်မှာရှိနေတဲ့ ဆံပင်ပုံစံကို မူတည်ပြီး ထိန်းသိမ်းရမှာပါ။ ဒါ့အပြင် ကိုယ့်ဆံပင်ပုံစံကို ဘယ်လိုဖြစ်စေချင်သလဲ ဆိုတာကိုသိမှ မိမိဆံပင်အတွက် ဘယ်ပစ္စည်းက အသင့်တော်ဆုံးလဲ သိရမှာပါ။

မိမိဆံပင်အတွက် အကောင်းဆုံးက ဂျဲလ် (gel)လား၊ ဖယောင်း (wax) လား သို့မဟုတ် ခေါင်းလိမ်းဆီ (hair cream) လား။

ဂျဲလ် (Gel)

နေ့ဘက် ဆံပင်ပုံစံကို အနေအထား တစ်ခုတည်းမှာပဲ ထားချင်တဲ့အခါ ဂျဲလ်ကို သုံးရပါတယ်။ ရေချိုးပြီးနောက် ချက်ချင်း ဆံပင်ရေစိုတုန်းမှာ လိမ်းပေးပါ။ တောင့်တောင့်လေးဖြစ်မနေအောင် ခေါင်းကို သေချာလျှော်ဖို့ အထူးအရေးကြီးပါတယ်။ ပြီးတော့ လိုအပ်သလောက်ပဲ သုံးပါ။ ထပ်လိုရင် နောက်မှ ပြန်ထည့်လို့ ရပါတယ်။

ဖယောင်း (Wax)

ဖယောင်းက ဂျဲလ်ထက် သိပ်သည်းမှု ပိုကဲပြီး များများလိမ်းလေ ပိုကြည့်ကောင်းလေ ဖြစ်ပါတယ်။ အဓိက ပါဝင်ပစ္စည်းတွေက ဆီပါ။ ဒါ့ကြောင့် ဖယောင်းက ဂျဲလ်လို မာတောင့်မနေပါဘူး။ စေးကပ်မှုရှိပြီး လျော်ဖို့တော့ ခက်ခဲပါတယ်။ ဆံပင်ခြောက်သွေ့နေချိန် ပုံဖော်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။ အနည်းငယ်ခြောက်လာရင် ဖယောင်းကို လက်နဲ့ယူပြီး ဆံပင်မှာ သပ်ရပ်စွာ လိမ်းပေးပါ။ နောက်ဆုံးမှာ ပိုမာသွားအောင်လို့ ဆံပင်မှုတ်ဆေး အနည်းငယ် ဖျန်းထည့်ပေးနိုင်ပါတယ်။

ခေါင်းလိမ်းဆီ (Hair cream)

ဆံပင်ကို မာတောင့်မနေဘဲ ခြောက်သွေ့နေစေချင်ရင် ခေါင်းလိမ်းဆီသုံးတာ အကောင်းဆုံးပဲဖြစ်ပါတယ်။ ခေါင်းလိမ်းဆီက သက်သာပြီး ဆေးကြောသန့်စင်ရ လွယ်ကူပါတယ်။ ဖယောင်းလိမ်းသကဲ့သို့ ဆံပင်အခြောက်မှာ လိမ်းပေးပါ။ ဆံပင်စိုပြေနေစေဖို့နဲ့ ဆံပင် လက်နေစေချင်ရင် ဒါကို လိမ်းနိုင်ပါတယ်။

Credit  : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top