iMyanmarHouse.com - Best Property Website for Myanmar
×














သင်ဟာ သင့်ချစ်သူကို ဘယ်လောက်ချစ်တယ်ပြောပြော တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုမရှိဘူးဆိုရင် ဒီအချစ်ရေး ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ့်ကို ကိုယ့်ချစ်သူက အပြည့်အ၀ယုံကြည်မှု ရှိမရှိ သိချင်တယ်ဆိုရင် သူ ကိုယ့်အပေါ်လုပ်ဆောင်တဲ့ အပြုအမူတစ်ချို့က ပြောပြနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက် (၅)ချက်ကို သင့်ချစ်သူ လုပ်လေ့ရှိတယ်ဆိုရင်တော့ သူသင့်ကို နည်းနည်းမှ အယုံအကြည်လို့ပါပဲ။

၁။ သင့်ဖုန်းကိုအမြဲ ယူပြီး စစ်ဆေးတတ်တယ်။
သင်ဟာ သင့်သူငယ်ချင်းတစ်ယောက်ယောက်က message ပို့တာကို ဖတ်ပြီးတာနဲ့ သင့်ချစ်သူ ယူစစ်တဲ့အခါ ဒေါသထွက်စရာတွေ ဖြစ်မှာစိုးလို့ အမြဲ ဖျက်ပစ်ထားရတယ်။ သင့်ချစ်သူက သင့်ဖုန်းကို အတူရှိချိန်တိုင်း စစ်ဆေးတတ်သလို ဖုန်းအ၀င် call ဘယ်လောက်ရှိပြီး ဘယ်သူတွေဆီက ဆိုတာကို မေးရုံမက message တွေကိုပါ ၀င်ဖတ်တတ်တယ်။ သင့်စိတ်ထဲ အမှားမလုပ်ထားမိရင်တော့ သူဖုန်းယူကြည့်တဲ့အခါ တစ်ခုခုများတွေ့ပြီး ရစ်မလားဆိုတာ သင်အမြဲစိုးရိမ်နေရတယ်။

၂။အရင်တုန်းက အချစ်ရေးအကြောင်းတွေကို အမြဲပြန်တူးဆွပြောဆိုလေ့ရှိတယ်။
သင့်ချစ်သူဟာ သင့်ရဲ့ ရည်းစားဟောင်းအကြောင်း မေးတာမျိုးတွေ၊ အတိတ်က သင့်အချစ်ရေးကို ပြန်လည်းမေးမြန်းတာမျိုးတွေ အမြဲလုပ်တယ်။ သူတို့နဲ့ အဆက်အသွယ်ရှိမရှိကိုလည်း အမြဲမေးတတ်တယ်။ အဆိုးဆုံးကတော့ ပြီးဆုံးသွားတဲ့ အချစ်ရေးအကြောင်း ပြန်တူးဆွပြီး ပြသနာပြန်ရှာနေတာမျိုးပါပဲ။

၃။သူမပါပဲ ကိုယ့်သူငယ်ချင်းတွေနဲ့ အပြင်သွားတာမျိုး မကြိုက်ဘူး။
သင်ဟာ သင့်သူငယ်ချင်းတွေနဲ့ သွားလာတဲ့အခါ သူ့ကိုပါ ခေါ်သွားရပါတယ်။ အဲ့ဒီလို မဟုတ်ပဲ ကိုယ့်သူငယ်ချင်းတွေနဲ့ကိုယ် သွားမိတဲ့အခါ သင့်ချစ်သူက ပြသနာရှာလို့ မဆုံးတော့တဲ့အပြင် မဆိုင်တာတွေပါ ထည့်ဆွဲပြောဆိုတတ်တယ်။

၎။ပြောထားတဲ့ အစီအစဉ်တစ်ခုခု ပြောင်းသွားတာနဲ့ သင့်ချစ်သူ စိတ်ထဲ သံသယတွေကြီးစိုးလာတတ်တယ်။
သင်အပြောသွားမယ့်အကြောင်းအရာဟာ အလုပ်ကြောင့် ဖြစ်မယ်ဆိုပါစို့။ အစက စီစဉ်ထားတာတစ်မျိုး၊ နောက်ပိုင်းမှာ အစီအစဉ်ပြောင်းသွားလို့ အပြင်မှာ ဘယ်နှစ်နာရီလောက်ထိ နေရဦးမယ်ဆိုတာမျိုး ဖြစ်လာရင် သင့်ချစ်သူက သင့်ကို မယုံမကြည်နဲ့ စရစ်ပါလိမ့်မယ်။ ဘယ်သူတွေနဲ့လဲ၊ ဘယ်လောက်ကြာဦးမှာလဲ၊ ငါးမိနစ်တစ်ခါ ဖုန်းခေါ်ခိုင်းတာတို့၊ ဘေးနားက သူငယ်ချင်းကိုပါ ဖုန်းပေးလိုက် ဖုန်းပြောမယ်ဆိုတာမျိုးတွေ လုပ်ခိုင်းတတ်ပါတယ်။

၅။သင့်ချစ်သူနဲ့ ဆိုရှယ်မီဒီယာက ပို့စ်တွေကြောင့် စိတ်ညစ်ရတယ်။
သင့်ချစ်သူဟာ သင်နဲ့သူ ဘယ်နေရာမှာရှိတယ်၊ ဘာတွေလုပ်တယ်ဆိုတာမျိုးကို အသေးစိတ်အမြဲ ပို့စ်လုပ်တတ်သလို၊ ရောက်တဲ့နေရာတိုင်း check in တင်မယ်။ သင့်ကို သူတင်တဲ့ပို့စ်တိုင်းမှာ ဆိုင်ဆိုင် မဆိုင်ဆိုင် tag ပေးတတ်သလို၊ သင်ဘယ်သူ့ပုံတွေကို Like လုပ်ထားတယ်၊ ကွန်မန့်ပေးထားတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ရစ်တတ်သေးတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top