iMyanmarHouse.com - Best Property Website for Myanmar
×










အသက် ၄၃ နှစ်အရွယ် ရက်ပ်ပါ Snoop Dogg နဲ့ မီဒီယာလုပ်ငန်းရှင် Ted Chung တို့ ဟာ အွန်လိုင်း အစပျိုးလုပ်ငန်းအဖြစ် ၀က်ဘ်ဆိုဒ် အသစ် Merry Jane ကို လွှင့်တင်မယ့်အကြောင်းကို တနလာင်္နေ့ က ဆန်ဖရန်စစ္စကိုမြို့ မှာ ကျင်းပခဲ့တဲ့ TechCrunch Disrupt နှစ်ပတ်လည်ညီလာခံမှာ ကြေငြာခဲ့ပါတယ်။

နောက်လထဲမှာ Merry Jane ၀က်ဘ်ဆိုဒ်ကို လွှင့်တင်မှာဖြစ်ပြီး ဒီဝက်ဘ်ဆိုဒ်ဟာ ဟောလီးဝုဒ်သရုပ်ဆောင် Seth Rogen အပါအ၀င် နာမည်ကြီးအများအပြားရဲ့ အားပေးထောက်ခံမှုကို ရရှိထားပြီးဖြစ်ပါတယ်။

ဝက်ဆိုဒ်ဟာ ပေါ့ပ်အနုပညာနဲ့ ဆေးခြောက်တို့ ပေါင်းဆုံရာ ပထမတန်းစားမီဒီယာပလက်ဖောင်းတစ်ခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မာရီဝါးနားထုတ်ကုန်တွေရဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေးသွားမှာဖြစ်သလို ၀က်ဘ်ဆိုဒ်မှာ ယဉ်ကျေးမှုအနုပညာနဲ့ လူနေမှုဘ၀အခန်းကဏ္ဍတွေပါ ပါဝင်သွားမှာဖြစ်ပါတယ်။

“ဆေးခြောက်လုပ်ငန်းရဲ့ဦးတည်ရာကို ကြည့်ပြီးနောက်မှာ၊ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လတ်လတ်ဆတ်ဆတ်အကြောင်းအရာတွေကို လူတွေ ရှာဖွေဖတ်ရှုနိုင်မယ့် နေရာတစ်ခုကို ဖန်တီးပေးပြီး ဒီလှုပ်ရှားမှုလမ်းကြောင်းကို တွန်းပို့ ပေးနိုင်မယ့် ပလက်ဖောင်းတစ်ခုကို ကျွန်တော် လုပ်ချင်ခဲ့တယ်။” လို့ Snoop Dogg က ပြောပြခဲ့ပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top