iMyanmarHouse.com - Best Property Website for Myanmar
×









အသီးအနှံတိုင်းမှာ မတူညီတဲ့ကျန်းမာရေးအကျိုးကျေးဇူးပြုမှုတွေရှိကြပါတယ်။ဒါကြောင့် လူတွေမှာ မိမိတို့ပတ်ဝန်းကျင်ရှိသဘာဝအသီးအနှံတွေကို မျတစွာစားသုံးပေးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးတွေကိုရယူနိုင်ပါတယ်။အသီးတစ်မျိုးစီမှာ မတူညီတဲ့ကျန်းမာရေးအာနိသင်တွေရှိနေကြရာထောပတ်သီးတစ်လုံးမှာ ပါဝင်တဲ့ဓာတ်သဘာဝတွေဟာ လည်း လူတွေအတွက်ဘယ်လိုဆေးဘက်ဝင်အကျိုးပြုတယ်ဆိုတာဖော်ပြပေးလိုက်ပါတယ်။

နှလုံးနဲ့သွေးကြောစနစ်ကို အထောက်အကူပြုခြင်း
ထောပတ်သီးမှာ နှလုံးကို အားဖြစ်စေတဲ့အာဟာရဓာတ်တွေအဖြစ် ဗီတာမင် E ၊ folate ၊ပိုတက်စီယမ်၊ phytosterols နဲ့အစာကြေဖျက်လွယ်စေတဲ့အမျှင်ဓာတ်တို့ပေါများစွာပါဝင်ပါတယ်။  ဗီတာမင် E က ကိုလက်စထရောကို ကာကွယ်ပေးပြီး folate က သွေးထဲအန္တရာယ်ရှိတဲ့ homocysteine အဆင့်ကို လျော့ချပေးပါတယ်။ပိုတက်စီယမ် က သွေးပုံမှန်လည်ပတ်ကောင်းမွန်စေဖို့ အထောက်အကူပြုပြီး phytosterols က ကိုလက်စထရောစုပ်ယူမှုတွေကို လျော့ချပေးပါတယ်။အစာကြေဖျက်လွယ်စေတဲ့ အမျှင်ဓာတ်တွေကတော့ သွေးအတွင်းသကြားဓာတ်တွေကို ထိန်းချုပ်ပေးပါတယ်။

အိုမင်းရင့်ရော်မှုကိုထိန်းချုပ်ပေးခြင်း
ထောပတ်သီး က လူတွေအတွက် အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးပါတယ်။ မျက်နှာပေါ်မှာ အရေးအကြောင်းထင်ခြင်း ၊ပါးရေတွန့်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် E ဟာ နေလောင်ခြင်းကြောင့် အိုမင်းရင့်ရော်မှုတို့ကို တားဆီးကာကွယ်ပေးပြီး ဗီတာမင် C ကတော့ အသားအရေရှုံ့တွန့်ခြင်းတို့ကို ကာကွယ်ထိမ်းသိန်းပေးပါတယ်။

ကိုယ်အလေးချိန်ကိုလျော့ကျစေခြင်း
ကိုယ်လေးအချိန်တိုးပြီး စိတ်ပင်ပန်းနေသူများအတွက် ထောပတ်သီးဖျော်ရည်တစ်ခွက်လောက်ဟာ များစွာအထောက်အကူပြုနိုင်ပါတယ်။လေ့လာစမ်းသပ်တွေ့ရှိထားချက်အရ  ထောပတ်သီးတစ်လုံးမှာပါဝင်တဲ့ monounsaturated fatty acids ဟာ ကိုယ်ခန္ဓာအတွင်း အဆီတွေကို တစ်ဖြည်းဖြည်းနဲ့လောင်ကျွမ်းစေတာကြောင့် ထောပတ်သီးဟာ အဆီကျစေတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အဆာခံပြီး ဗိုက်ပြည့်စေတဲ့အသီးတစ်မျိုးဖြစ်တာကြောင့် အဆီတက်ပြီး စိတ်ညစ်နေသူများအတွက် နှစ်သက်ဖွယ်အသီးတစ်မျိုးဖြစ်ပါတယ်။

ဆီးချိုရောဂါအတွက် အထောက်အကူပြုခြင်း
တစ်ချို့လူတွေမှာ မိမိကိုယ်မိမိဆီးချိုရောဂါဖြစ်မှန်းမသိဖြစ်နေကြသူတွေရှိပါတယ်။ မကြာခဏဗိုက်ဆာခြင်း၊ရေငတ်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊မျက်စိမှုန်ခြင်း၊ ခြေထောက်တွေနာကျင်ခြင်း၊ သိသိသာသာ ကိုယ်အလေးချိန်ကျနေခြင်းအစရှိတဲ့လက္ခဏာရပ်မျိုးကိုခံစားနေရပြီဆိုရင် ဒါဟာ ဆီးချို ရဲ့အဓိကလက္ခဏာရပ်တွေဖြစ်တာကြောင့်ဆရာဝန်နဲ့သွားရောက်ပြသဖို့လိုပြီဖြစ်ပါတယ်။ဒီလို ဆီးချိုရောဂါကို ခံစားနေရသူတွေအတွက် ထောပတ်သီးမှာ ပါဝင်တဲ့ Oleic Acid ဟာလူနာအတွက် အထောက်အကူဖြစ်စေတဲ့ HDL ကိုလက်စထရောကိုမြှင့်တင်ပေးပြီး  မကောင်းတဲ့သက်ရောက်မှုကိုဖြစ်စေတဲ့  LDL ကိုလျော့ကျစေပါတယ်။ဒါ့အပြင် သွေးကြောများကို အားကောင်းစေပြီး ဆီးချိုသမားတွေအတွက် ကိုယ်ခံအားစနစ်ကို မြင့်တက်စေပါတယ်။အာရုံကြောများပျက်စီးမှုကိုလည်း ကာကွယ်ပေးပါတယ်။ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် E ဟာ  နှလုံးကို ဒုက္ခဖြစ်စေတဲ့ ကိုလက်စထရောကိုလျော့ကျစေတာကြောင့် ဆီးချိသမားတွေအတွက် စားသုံးဖို့ကောင်းတဲ့ဆေးဘက်ဝင်အသီးတစ်မျိုးဖြစ်ပါတယ်။

အဆစ်အမြစ်ရောင်ရောဂါအတွက်အထောက်အကူပြုခြင်း
ထောပတ်သီးမှာဗီတာမင် E၊ ဗီတာမင် C လိုမျိုး ဖြစ်တဲ့ monounsaturated fats ၊ phytosterols  နဲ့ antioxidants တို့ပေါများစွာ ပါဝင်နေခြင်းကြောင့် အဆစ်အမြစ်ရောင်ရောဂါဖြစ်စေတဲ့အနေအထားတွေကိုများစွာ လျော့ချပေးခြင်းဘဲဖြစ်ပါတယ်။

အမြင်အာရုံအတွက်ကောင်းမွန်ခြင်း
ထောပတ်သီးမှာပါဝင်နေတဲ့ lutein  နဲ့  zeaxanthin တို့ဟာ မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ အသက်အရွယ်ရလာလို့ ကြွက်သားများ အားပျော့လာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ယိုယွင်းပျက်စီးမှုတွေကို ကောင်းစွာ လျော့ချပေးနိုင်ခြင်းဘဲဖြစ်ပါတယ်။

အရိုးပွရောဂါကိုကာကွယ်ပေးခြင်း
အရိုးတွေသန်မာစေဖို့ ဗီတာမင် D နဲ့ ကယ်လစီယမ် တို့က များစွာအထောက်အကူပြု သလို ဗီတာမင် K ကလည်း လုံလုံလောက်လောက် အထောက်အကူပြုတာကိုတွေ့ရပါတယ်။ ဗီတာမင် K ဟာ ကယ်လစီယမ်တွေကို များများစုပ်ယူနိုင်ခြင်း ၊ ကယ်လစီယမ်တွေကိုထိန်းသိမ်းပေး  နိုင်ခြင်းဖြင့် အရိုးကျန်းမာရေးတိုးတက်စေဖို့အထောက်အကူပြုခြင်းဖြစ်ပါတယ်။

ကင်ဆာကို တိုက်ဖျက်နိုင်ခြင်း
အမျိုးသမီးတွေမှာ  folate ပမာဏနည်းပါးခြင်း ဟာ ရင်သားကင်ဆာဖြစ်ပွားမှုကို အများဆုံးဦးတည်စေကြောင်း ဖော်ပြထားကြပါတယ်။ folate ပမာဏလုံလုံလောက်လောက်ရှိနေခြင်းဟာ အူမကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ နဲ့ pancreatic ကင်ဆာတို့ကို မဖြစ်ပွားရအောင် ဆန့်ကျင်ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျန်းမာတဲ့ကလေးကိုမွေးဖွားစေခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် folate ဟာ အရမ်းကိုအရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Folate ပမာဏအပြည့်အဝရရှိထားတဲ့ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ ကိုယ်လက်အဂါင်္ပြည့်စုံပြီး ဦးနှောက်အာရုံကောင်းမွန်တဲ့ကလေးငယ်လေးကို မွေးဖွားစေပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဒီဖောလစ်အက်ဆစ် ပမာဏအားနည်းခဲ့ရင် ကိုယ်အဂါင်္မပြည့်စုံဘဲ ဥာဏ်ရည်မပြည့်တဲ့ကလေးငယ်တွေကို မွေးဖွားစေတတ်ကြောင်း လည်းဖော်ပြထားကြပါတယ်။

စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း
Folate ပမာဏမြင့်မားတဲ့အစားအစာတွေကို စားသုံးခြင်းဟာ လူတွေအတွက် စိတ်ဖိစီးမှုဒဏ်ကို များစွာလျော့ချနိုင်ကြောင်းဖော်ပြထားကြပါတယ်။Folate ဟာ ကိုယ်ခန္ဓာအတွင်း homocysteine လွန်ကဲမှုကို ကာကွယ်နိုင်ပါတယ်။ homocysteine ပမာဏလွန်ကဲမှုဟာ ကောင်းမွန်တဲ့ခံစားမှုဟော်မုန်း တစ်မျိုး ထုတ်လွှတ်မှုကို ဟန့်တားစေတာကြောင့် folate ပမာဏများစွာ ပါဝင်နေတဲ့ထောပတ်သီးကို စားပေးခြင်းဖြင့် စိတ်ဖိစီးမှုတို့ကိုလျော့ကျသက်သာစေခြင်းဘဲဖြစ်ပါတယ်။

ဒါ့အပြင် ထောပတ်သီးတစ်လုံးမှာပါဝင်နေတဲ့အာဟာရဓာတ်တွေဟာ အစာကြေဖျက်မှုကို ကောင်းမွန်စေခြင်း၊ နာတာရှည်ရောဂါတွေကို ကာကွယ်ပေးခြင်းတို့ပါစွမ်းဆောင်နိုင်ရာ ထောပတ်သီးတစ်လုံးရဲ့ ဆေးဘက်ဝင်ကျန်းမာရေးအကျိုးကျေး
ဇူးက လူတွေအတွက် များစွာ အသုံးဝင်လှပါတယ်။မိမိတို့အိမ်မှာ ဖျော်ရည်ဖြစ်ဖြစ်၊ အလုံးလိုက်ဖြစ်ဖြစ် ခွဲပြီးစားသုံးခြင်းဖြင့် ထောပတ်သီးတစ်လုံးရဲ့အာနိသင်အကျိုးကိုကောင်းစွာ ရရှိနိုင်ကြမှာဖြစ်ပါကြောင်းဖော်ပြပေးလိုက်ပါတယ်။

Credit : Yangonlife Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top