iMyanmarHouse.com - Best Property Website for Myanmar
×














 တောင်ကိုရီးယားမိန်းကလေးအဆိုရှင်များအဖွဲ့ f(x)မှ အဖွဲ့ဝင်ခရစ္စတယ်သည် တရုတ်ဒရာမာဇာတ်လမ်းတွဲသစ် Graduation Season ၌ ခေါင်းဆောင် မင်းသမီးနေရာမှ သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသည်ဟု ကိုရီးယား My Daily သတင်းက နိုဝင်ဘာ ၂၈ ရက်တွင်ဖော်ပြသည်။

ယင်းဒရာမာဇာတ်လမ်းတွဲသည် ဖက်ရှင်လောကကို ဇာတ် အိမ် တည်သော အချစ်ဒရာမာ ဇာတ်လမ်းတွဲဖြစ်သည်ဟု ဇာတ်လမ်းတွဲနှင့်နီးစပ်သည့်တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖက်ရှင်လုပ်ငန်းအတွေ့ အကြုံရှိသော ခရစ္စတယ်သည် လာမည့်နှစ်ဆန်းတွင် တရုတ်နိုင်ငံ၌ အဆိုပါဇာတ်လမ်းတွဲ စတင်ရိုက်ကူးမည်ဖြစ်သည်။               

အသက် (၂၁)နှစ်အရွယ်ရှိ ခရစ္စတယ်သည် High Kick 3, The Heirs နှင့် My Lovely Girl ဒရာမာဇာတ်လမ်းတွဲများဖြင့် နာမည်ကျော်ကြားလာသူဖြစ်သည်။

ပြီးခဲ့သည့်လက စတုတ္ထမြောက်တေးအယ်လ်ဘမ်ထွက်ရှိခဲ့သော f(x)အဖွဲ့သည် ဒီဇင်ဘာ ၂ ရက်တွင်ကျင်းပပြုလုပ်မည့် MAMA တေးဂီတဆုပေးပွဲ၌ ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။

Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top