iMyanmarHouse.com - Best Property Website for Myanmar
×















သာမန်အအေးမိပြီးနောက် အသက်ရှူရခက်ခဲကာ အသက်ရှူလမ်း ကြောင်းအောက်ပိုင်း ပြင်းထန်သော ရောဂါဖြစ်ပွားနိုင်သည့် အန္တ ရာယ်ရှိသော ကလေးများအနေဖြင့် အအေးမိသည့်ပထမဆုံးလက္ခ ဏာပြသချိန်၌ ပဋိဇီဝဆေးသောက်သုံးခြင်းကြောင့် ကျန်းမာရေးအ ကျိုးကျေးဇူးရရှိနိုင်ကြောင်း TAMA ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတစ်ခုအရ သိရသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ရောက်မှုများမှာ ကလေးငယ်များအဖြစ်များသောရောဂါဖြစ်သည်။ အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့် ရင်ကြပ်ခြင်းတို့မှာ ကလေးငယ်အများစုအလွယ် တကူသက်သာပျောက်ကင်းသွားလေ့ရှိသော်လည်း ကလေးငယ် များစွာသည် အသက်ရှူရခက်ခဲသော၊ အရေးပေါ်ကုသရန် လိုအပ် သော ပြင်းထန်သည့်နာမကျန်းမှုမျိုးခံစားရတတ်သည်။
အအေးမိသည့်လက္ခဏာများစတင်ပြသချိန်၌ ပဋိဇီဝဆေး တိုက်ကျွေးထားသောကလေးငယ်များသည် နောက်ဆက်တွဲရောဂါ ပြင်းထန်မှုလျော့ပါးကြောင်း သုတေသီများက ပြောသည်။

ယခုလ့လာမှုအရ ပဋိဇီဝဆေးများစောစောစီးစီးသောက်သုံး ထားသောကလေးငယ်များအနေဖြင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအဖြစ်သို့ မရောက်ရှိဘဲ ရောဂါအန္တရာယ်များကို လျော့ကျသွားစေနိုင်ကြောင်း သိရသည်။

အချို့သော ကလေးငယ်များ၏လည်ချောင်းထဲတွင် ပဋိဇီဝ ဆေးကို ခုခံနိုင်သောရောဂါပိုးမွှားများတွေ့ရသော်လည်း ပဋိဇီဝဆေးမသောက်ထားသော ကလေးငယ်များတွင်လည်း ယင်းအတိုင်းပင် တွေ့ရကြောင်း သုတေသီများက ပြောသည်။
ထို့ကြောင့် ပဋိဇီဝဆေးခုခံနိုင်မှုဖြစ်ရသောအကြောင်းရင်းကို အပြည့်အဝနားလည်သိရှိနိုင်ခြင်းမရှိသေးဟု သုတေသီများက ပြော သည်။

ယခုလေ့လာမှုကို စိန့်လူးဝစ်ဒေသရှိ ဝါရှင်တန်ဆေးတက္ကသိုလ် မှ ဒေါက်တာလီယိုနာ့ဒ်ဘာချာရီယာနှင့် လုပ်ဖော်ကိုင်ဖက်များက လေ့လာခဲ့ခြင်းဖြစ်ပြီး အသက် (၁)နှစ်မှ (၆)နှစ်အရွယ် ပြင်းထန်သောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ဖူးသည့်ကလေးငယ်များ ကို အထူးပြုလေ့လာခဲ့သည်။

Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top