iMyanmarHouse.com - Best Property Website for Myanmar
×














 တောင်ကိုရီးယားသရုပ် ဆောင်မင်းသား ယွန်းဂျောင်ဟွန်း ၏ဇနီး သရုပ်ဆောင်မင်းသမီးဟန်ဂါအင်းသည် ကိုယ်ဝန် ငါးလခန့်ရှိနေပြီဖြစ်ကြောင်း  ဟန်ဂါ အင်း၏အေဂျင်စီ BH Entertain -ment ကနိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

‘‘ဟန်ဂါအင်းတို့ဇနီးမောင်နှံ ဟာ လာမယ့်နှစ်မှာ မိဘတွေဖြစ် လာပါတော့မယ်။ အိမ်ထောင် သက် ၁၀ နှစ်အကြာမှာ ကလေးရ တာဖြစ်ပါတယ်။ ဟန်ဟာ ကိုယ် ဝန်စရှိကတည်းက သူ့ကျန်းမာရေးကို ဂရုစိုက်ခဲ့ပါတယ်။ အပြင် တောင်မထွက်ပါဘူး။ ကိုယ်ဝန် ဆောင်သင်ခန်းစာတွေကို လေ့ လာနေခဲ့ပါတယ်’’ဟု အေဂျင်စီကပြောသည်။

ဟန်ဂါအင်းတို့စုံတွဲသည် ၂၀၀၅ တွင်လက်ထပ်ခဲ့ကြသော် လည်း ယခုအချိန်အထိ သားသမီး မထွန်းကားခဲ့ပေ။ ပြီးခဲ့သည့်နှစ် ဧပြီလတွင် ဟန်ဂါအင်းက ပထမ ဆုံးရင်သွေးလွယ်ထားကြောင်း ကြေညာခဲ့သော်လည်း သီတင်း ပတ်အနည်းငယ်အကြာ၌ သားပျက်သားလျှောဖြစ်ခဲ့သည်။ ဟန် ဂါအင်းသည် ယခုလွယ်ထားရ သောရင်သွေးကို လာမည့်နှစ်တွင် မွေးဖွားမည်ဖြစ်သည်။

Credit : 7Day Daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top