iMyanmarHouse.com - Best Property Website for Myanmar
×

နိုင်ငံရေးအကြောင်းကို သိပ်မပြောချင်ပါဘူးလို့ ဆိုတဲ့ အေးမြတ်သူက လက်ရှိသူမရဲ့ အနုပညာလှုပ်ရှားမှုများအကြောင်းနဲ့ ၂၀၁၅ တစ်နှစ်လုံးစာ သူမရဲ့ ပြောင်းလဲမှုများကို ရင်ဖွင့်ပြောပြလာတဲ့အခါ

-အခုရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားလေးက အပျော့ဆွဲဖိုက်တာတဲ့။ မင်းသားက အောင်မင်းခန့်နဲ့ပေါ့။ ဒါရိုက်တာက သြရသပါ။ ဒီကားထဲမှာ အောင်မင်းခန့်ကနည်းနည်း နုတယ်ပေါ့။ ကိုယ်ကတော့ နည်းနည်း ဂိုဏ်းစတားလိုလိုဘာလိုလို ဂျွတ်ဆတ်ဆတ်နဲ့ပေါ့။ ဒီလထဲမှာဆို အခုမှကားပြန်ရိုက်တာပေါ့။ နောက်လအတွက်တော့ ကားတွေဆက်တိုက်ရှိတယ်။

-အခုဆို ၂၀၁၅ လဲကုန်တော့မယ်။ ဒီတစ်နှစ်လုံးစာရဲ့ ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး အေးမြတ်သူရဲ့ အမြင်လေးကိုလဲသိချင်ပါတယ်။

ဒီနှစ်ထဲမှာ အေးမြတ်သူ ကားကြီးတွေ ဆက်တိုက်ဆိုသလိုထွက်တယ်။ ဇာတ်လမ်းတွဲလဲကောင်းကောင်းလေးရိုက်ရတယ်။ အေးမြတ်သူ ဒီ၂၀၁၅ မှာ ဆံပင်ပုံစံချိန်းတယ်။ ဖက်ရှင်တွေချိန်းတယ်။ အဲ့ဒါကို အားလုံးက သဘောကျကြတယ်။ ပရိသတ်လက်ခံကြတယ်။ အရမ်းလဲပျော်ပါတယ်။ ပြောရရင် ၂၀၁၅ ကအေးမြတ်သူအတွက်ကံကောင်းတယ်လို့ပြောရမှာပေါ့။ စိတ်ညစ်စရာတွေ သိပ်မရှိပဲ အေးမြတ်သူရဲ့ ပြောင်းလဲခြင်းတွေတွေ့ရတဲ့နှစ် တစ်နှစ်ဆိုရင်လဲ မမှားပါဘူး။

-ကားကြီးအနေနဲ့ရော လက်ခံထားတာရှိဦးမလား။

အခုလောလောဆယ် ၄ကားရိုက်ထားတယ်။ နောက်လထဲမှာ ၂ကားထပ်ရိုက်ဖို့ရှိတယ်။

-အေးမြတ်သူ ပိန်သွားတယ်။ ၀ိတ်ချထားတာလား။

ကိုယ်ရည်စစ်သွားတယ်လို့ပြောရမှာပေါ့။ အသက် ၃၀ မှာ ၀ကြတာကိုး ပိန်သွားတာက အေးမြတ်သူ လေ့ကျင့်ခန်းလုပ်လို့ပါ။ အေးမြတ်သူပိန်ဆေးလဲမစားဘူး။ စိတ်ဆင်းရဲလို့လဲမဟုတ်ဘူး။ ခန္ဒာကိုယ်ကျစ်အောင် အရင်ကတည်းကဆော့လို့ပါ။ ကောင်းသောပိန်ခြင်းပါ။ အသက်၃၀ဆို လူတွေက၀ကြတယ်လေ။ အသက်ကြီးတဲ့ပုံအေးမြတ်သူ မဖြစ်ချင်ဘူး။ သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ်ဖြစ်ချင်တယ်လေ။ အဲ့ဒါကြောင့်ပါ။

-အခုနောက်ပိုင်း သင်ဇာတို့ မခင်လေးတို့နဲ့ Gym ဆော့တာတွေ့ရတယ်။

ဟုတ်ပါတယ်။ အမြဲတမ်း ဆော့ဖြစ်တယ်။ Balance 2 မှာပေါ့။ အေးမြတ်သူ သင်ဇာ၊ ဒီးဒီ၊ မခင်လေး ၊ နောက် ဖွေးဖွေးတို့ ၀ိုင်းစုတို့လဲပါတယ်။ ဘ၀မှာပျော်စရာကြီးပေါ့။ ဒီအသက်ဒီအရွယ် ဘ၀မှာ ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနေရတာပဲလေ။ စည်းစည်းလုံးလုံးနဲ့ပျော်ပျော်ပါးပါးဆော့ကြတယ်။ ပျော်စရာကောင်းတဲ့ဘ၀လေးပါ။ ပြောရရင်တော့ ကျန်းမာရေးလုပ်ရင်းနဲ့ပဲ ဆုံဖြစ်ကြတာပေါ့။ အေးမြတ်သူယောဂကတော့ အမြဲဆော့ဖြစ်တယ်။

-ယောဂဆော့တာကရော ဘာတွေအတွက်ကောင်းလဲ။

ယောဂဆော့တာကတော့ မိန်းကလေးတွေပိန်ဖို့ဝဖို့ထက် ရောဂါကင်းရှင်းတယ်။ မိန်းမရောဂါတွေ ကာကွယ်ပေးတယ်။ သားအိမ်ကင်ဆာတွေ ကာကွယ်ပေးတယ်။ အဆုတ်အားကောင်းတယ်။ ခန္ဒာကိုယ်ကဆဲလ်တွေ ကာကွယ်ပေးတယ်။ သွေးလည်ပတ်မှုအားကောင်းတယ်။ သွေးစီးဆင်းမှုမှန်တယ်။ ကျန်းမာရေးကောင်းတယ်ပေါ့။

-အချစ်ရေးကရော သူငယ်ချင်းတွေနဲ့ တစ်ယောက်တည်းပဲနေတော့မှာလား။

Single Life က တကယ်တော့ အရမ်းကောင်းတယ်။ ပေါ့ပေါ့ပါးပါးရှိတယ်။ အခုတော့ပျော်စရာကောင်းနေတယ်။ ဒါပေမဲ့ အေးမြတ်သူ မယူဘူးလို့တော့မပြောသေးဘူး။ ယူဖြစ်ချင်လဲယူဖြစ်မယ်။

-အခုနောက်ပိုင်း အသက်ကြီးလာတော့Sexy ပိုင်းနဲ့ပတ်သက်ပြီး နည်းနည်းငြိမ်သွားသလိုပဲ။

အသက်ကြီးလာတာလဲပါတာပေါ့။ Sexy ထက်ငြိမ်တဲ့ဖက်ကို ပိုကူးချင်လာတယ်။ ဒါပေမဲ့ Sexy ကိုလဲ မစွန့်လွှတ်နိုင်သေးပါဘူး။

-NLD ပါတီနိုင်သွားတာနဲ့ပတ်သက်ပြီး အေးမြတ်သူရဲ့ အမြင်လေးကိုလဲသိချင်ပါတယ်။

မဲကတော့ သွားပေးဖြစ်တယ်။ အေးမြတ်သူနိုင်ငံရေးကို သိပ်မပြောချင်ဘူး။ ဖျောက်ပြီးပဲနေချင်တယ်။ အခုချိန်မှာ အားလုံးက NLD ဖြစ်နေကြတယ်ဆိုတော့လေ။ စိတ်မ၀င်စားတာတော့မဟုတ်ဘူး။ စိတ်ဝင်စားတယ်။ နိုင်ငံရေးအကြောင်းပြောပြီး ကိုယ့်ကိုကိုယ် ပရိုမိုးရှင်း မလုပ်ချင်ဘူး။ အခုက အားလုံးက နိုင်ငံရေးအကြောင်းကို ပြောနေကြတာဆိုတော့လေ။ နိုင်ငံသားတစ်ယောက်အနေနဲ့ မဲပေးခဲ့တယ်။ ကောင်းသောပြောင်းလဲခြင်းဖြစ်မယ်လို့လဲယုံကြည်တယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top