iMyanmarHouse.com - Best Property Website for Myanmar
×










တကယ်တော့ လမ်းခွဲစကားပြောရတာဟာ လွယ်ကူလွန်းတဲ့အရာတော့ မဟုတ်ပါဘူး။ နာကျင်မှုတွေ ရှိနိုင်သလို တစ်ဖက်လူကို ပြောဖို့ အင်အားလည်း လိုနေပြန်ပါတယ်။ ဒါပေမယ့် ဒီနာကျင်မှုတွေက တစ်ချိန်မှာ အကောင်းအတိုင်း ပြန်ဖြစ်သွားတယ်ဆိုတာကလည်း အမှန်ပါပဲ။ ဒီတော့ ကိုယ်နဲ့ဘယ်လိုမှ ရှေ့ဆက်လက်တွဲဖို့ မဖြစ်နိုင်တော့တဲ့ လူတစ်ယောက်ကို မျက်လုံးမှိတ်ပြီး ဆက်တွဲနေမယ့်အစား လမ်းခွဲပြီး ကိုယ့်အတွက် ကောင်းမွန်တဲ့ အနာဂတ်ဖန်တီးနိုင်ဖို့ ကြိုးစားသင့်တယ် မဟုတ်ပါလား။ ဒီတော့ လူတစ်ယောက်ကို လမ်းခွဲတော့မယ်ဆိုရင် ဒီအဆင့် (၅)ဆင့်အတိုင်း လုပ်ဆောင်ပါ။ ဒါဟာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းတွေပါ။

၁။ ရှင်းလင်းပြတ်သားတဲ့သူ ဖြစ်ပါစေ။

ဒီဇာတ်လမ်းပြီးသွားပြီလို့ သင်သေချာသွားပြီဆိုတာနဲ့ သင့်ဘက်က ပြတ်သားတဲ့သူဖြစ်မှ ရပါတော့မယ်။ ပြန်တောင်းပန် ပြန်ပါသွားတဲ့ဇာတ်လမ်းဆိုရင်တော့ ဘာမှမပြောတာကမှ ကောင်းပါဦးမယ်။ ဒီတော့ ပြတ်သားတတ်ပါစေ။ ဒီအရာက နာကျင်ပေမယ့် အဆုံးသတ်မှ ရမယ်ဆိုတဲ့စိတ် ထည့်ထားလိုက်ပါ။ တကယ်ကို ငါတို့ဇာတ်လမ်း ဒီမှာတင်ပြီးသွားပြီဆိုတာကို ပြတ်ပြတ်သားသားပြောပါ။ ငါနင့်ကို ချစ်ပါတယ် ဒါပေမယ့် ဘာညာတွေပြောနေမယ်ဆိုရင် တစ်ဖက်လူကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတာမို့ အဲ့ဒီလိုစကားမျိုး လုံးဝမသုံးပါနဲ့။

၂။ တိုက်ရိုက်ရှင်းဖို့ လိုပါတယ်။

နှစ်ဦးသားလမ်းခွဲတော့မယ်ဆို ဖုန်းကနေ message ပို့ပြီး လမ်းခွဲတာမျိုးဟာ တကယ်ကို ဆိုးရွားလွန်းပါတယ်။ မဖြစ်သင့်ပါဘူး။ ခုပြောမယ့်နည်းက သင့်အတွက် ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့် ဒါဟာ အကောင်းဆုံးနည်းပါ။ သင်ဟာ တစ်ဖေက်လူကို မျက်နှာချင်းဆိုင် ပြောရပါလိမ့်မယ်။ ပထမတုန်းက ပြောခဲ့သလိုပါပဲ။ အချိုသတ်ပြီး လမ်းမခွဲပါနဲ့။ ဒါဟာ တစ်ဖက်လူကိုလည်း မျှော်လင့်ချက်ပေးထားရာရောက်ပြီး ပိုနာကျင်သွားစေပါလိမ့်မယ်။

၃။လမ်းခွဲစကားပြောဖို့ ကောင်းမွန်တဲ့ အဆင်ပြေတဲ့ နေရာကိုရွေးပါ။

လမ်းခွဲစကားပြောတဲ့ နေရာဟာ နှစ်ယောက်စလုံးအတွက် ဘာအနှောင့်အယှက်မှ မရှိပဲ စိတ်သက်သာရာ ရစေမယ့် နေရာမျိုး ဖြစ်သင့်ပါတယ်။ သူ့အိမ်၊ ကိုယ့်အိမ်မှာ ပြောတာဟာ သင့်အတွက်လည်း မကောင်းသလို၊ သူ့အတွက်လည်း မကောင်းပါဘူး။ အထူးသဖြင့် တစ်ယောက်ယောက်ကတော့ နောက်ဆုံးလမ်းခွဲခဲ့တဲ့ နေရာမှာ နေထိုင်နေရတာမို့ ကြာရှည်ခံစားနေရပါလိမ့်မယ်။ ဒီတော့ နှစ်ယောက်စလုံးနဲ့ အဆင်ပြေမယ့် နေရာတစ်နေရာကိုသာ ရွေးချယ်ပါ။ ဒါပေမယ့် တစ်ခုသတိထားရမှာက သင်ချိန်းတဲ့နေရာဟာ သူအရမ်းသဘောကျတဲ့နေရာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဒါကတော့ ရက်စက်လွန်းရာ ကျသွားပါလိမ့်မယ်။

၎။ရှေ့ဆက် ဘယ်လိုမှ မဖြစ်နိုင်တော့ကြောင်း ပြောပါ။

လမ်းခွဲစကားပြောတဲ့အခါ နင်ကငါ့ကို ဘာလုပ်မပေးလို့ ဆိုတာမျိုး ကိုယ့်ဘက်က အတွေးတွေချည်း ကလေးဆန်ဆန် မပြောပါနဲ့။ နှစ်ဦးသားဘာ့ကြောင့် မဖြစ်နိုင်တော့တယ်ဆိုတာမျိုး သေချာပြောပြပါ။ ရှေ့ဆက်သွားမယ်ဆိုရင် ငါတို့နှစ်ယောက်အတွက် ဘာတွေဖြစ်လာမယ်။ ဘယ်လိုမကောင်းဘူးဆိုတာလည်း သူ့ကိုပြောပြပါ။ သင့်အပေါ်မှာ သူမကောင်းဘူးထင်တဲ့အရာတွေကိုလည်း သေချာဆင်ခြင်သုံးသပ်ပြီး သူ့ကို ပြောနိုင်ပါတယ်။ ဒီလိုအချိန်မှာ အတင်းကြီး အပြစ်ပြောနေတာမျိုးတော့ မလုပ်သင့်တော့ပါဘူး။ အဲ့ဒီအဆင့်လည်းကျော်သွားပါပြီ။

၅။လူကြီးဆန်ပါ။

ဒီတစ်ယောက်ကို ဖြတ်ဖို့ နောက်တစ်ယောက်ထားပြီး အဲ့ဒီအသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးတာမျိုးကတော့ ကလေးသိပ်ဆန်ပါတယ်။ ဒါ့အပြင် ကိုယ့်မိသားစုဝင်ထဲက တစ်ယောက်ယောက် ဒါမှမဟုတ် သူငယ်ချင်းကတစ်ဆင့် ပြောခိုင်းတာမျိုးလည်း မလုပ်သင့်ပါဘူး။ သင်ကိုယ်တိုင်သာ ဖြေရှင်းသင့်ပါတယ်။ ဒါ့အပြင် လမ်းခွဲခြင်းက နာကျင်ရပါတယ်ဆိုမှ တခြားစိတ်ကူးယဉ်ဆန်တဲ့နည်းတွေကိုလည်း မသုံးသင့်ပါဘူး။ ဒါတွေသုံးလိုက်ရင် နှစ်ဦးကြား မဖြစ်သင့်တဲ့ ပြသနာတွေ ပိုဖြစ်လာပါလိမ့်မယ်။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top