iMyanmarHouse.com - Best Property Website for Myanmar
×














Luxury Brand Model Awards 2015 သရဖူဆုရထား ခြင်းကြောင့် မော်ဒယ်ပိုင်းနှင့် ပတ် သက်သည့် အနုပညာလုပ်ငန်းများ လုပ်ကိုင်ရန် ကိုရီးယားနိုင်ငံသို့ ဒီဇင်ဘာအတွင်း သွားရောက်မည် ဖြစ်ကြောင်း ဇွန်သံစဉ်က ပြော သည်။ ဇွန်သံစဉ်သည် ယခုနှစ်မေ လကုန်ပိုင်းက ကိုရီးယားနိုင်ငံတွင် ပြုလုပ်သည့် Luxury Brand Model Awards 2015 မော်ဒယ် ပြိုင်ပွဲ၌ သရဖူရရှိခဲ့သောကြောင့် ကိုရီးယားနိုင်ငံတွင် အနုပညာအလုပ်များလုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်သည်။

‘‘ဒီဇင်ဘာထဲကိုသွားဖို့တော့ စီစဉ်ထားတယ်။ အဓိကကတော့ Modelling ပိုင်း၊ ဖက်ရှင်ရှိုးတွေ လျှောက်မယ်။ တစ်ပတ်လောက် တော့ နေဖို့စဉ်းစားထားတယ်’’ဟု ၎င်းက ပြောသည်။
ယခင်က ဒီဇင်ဘာ ၁ ရက် တွင် သွားရောက်ရန် စီစဉ်ထား သော်လည်း ဗီဇာအခက်အခဲရှိ၍ သွားမည့်ရက်ကို အတိအကျမသတ်မှတ်ရသေးဟု ၎င်းက ဆိုသည်။

‘‘ကိုရီးယားမှာ အနုပညာအ လုပ်တွေက လုပ်ဖို့ရှိတယ်။ ညီမ ဘက်က အချိန်ပေးနိုင်ရင်တော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့ ဒီ ဘက်မှာလည်း ဇာတ်ကားတွေ ရိုက်ဖို့ လက်ခံထားတာရှိတော့ အချိန်နှစ်ခုတိုက်နေမှာစိုးလို့’’ဟု အနုပညာလှုပ်ရှားမှုများနှင့် ပတ် သက်၍ ဇွန်သံစဉ်က ပြောသည်။
ဇွန်သံစဉ်သည် နေတိုး၊ အိချောပိုတို့နှင့် ဒီဇင်ဘာအတွင်း ဇာတ်ကားရိုက်ကူးရန် လက်ခံထားကြောင်း ၎င်းက ပြောသည်။

‘‘အစောကြီးကတည်းက ညီမက သရုပ်ဆောင်လိုင်းကို လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီဇာတ် ကားလေးကတော့ ဇာတ်ညွှန်း တွေဖတ်ကြည့်ပြီး စိတ်ဝင်စား တယ်။ ကာရိုက်တာနဲ့လည်း လိုက်မယ်ထင်လို့ ရိုက်ဖြစ်တာပါ’’ဟု ဇာတ်ကားရိုက်ကူးဖြစ်သည့်အ ကြောင်း ပြောသည်။

Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top