iMyanmarHouse.com - Best Property Website for Myanmar
×

 ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ဂျနီဖာ လောရင့်စ်က လက်ရှိတစ်ကိုယ်တော်ဘဝအတွက် ဝမ်းနည်းခြင်းမရှိကြောင်းနှင့် လက်ရှိဘဝကို သဘောကျကြောင်း အမေရိကန်ရုပ်သံအစီအစဉ် Extra ၌ ပြောကြားသည်။

ဂျနီဖာလောရင့်စ်သည် များ မကြာသေးမီက Vogue မဂ္ဂဇင်းနှင့် အင်တာဗျူးတစ်ခု၌ ချစ်သူမရှိမှုကို ညည်းညူခဲ့သည်ဟု ယူဆရပြီးနောက် သတင်းထူးတစ် ခုဖြစ်လာခဲ့သည်။ သို့သော် ဂျနီဖာလောရင့်စ်က လက်ရှိတွင် ၎င်း၌ချစ်သူမရှိ သည်ကို သဘောကျသည်ဟု အမေရိကန်ရုပ်သံအစီအစဉ် Extra ၌ပြောသည်။

‘‘အဲဒါပြဿနာပဲ။ ရှင်တို့ တစ်ယောက်ယောက်နဲ့စကား ပြောလိုက်တယ်။ စကားကတော့ ဒီလိုပဲပြောလိုက်တာပဲ။ အဲဒီနောက်မှာတော့ ဂျနီဖာလောရင့်စ်က ရည်းစားမရနိုင်ရှာဘူး။ သူက ဂေးလ်ဆိုပြီးပြောင်းကုန်တယ်။ ရည်းစားမရှိတာက ရေးကြီးခွင်ကျယ်ကိစ္စမဟုတ်ပါဘူး။ ကျွန်မကတော့ အေးဆေးပါပဲ။ ကျွန်မ တစ်ကိုယ်တည်း အပျိုကြီးပြန်ဖြစ်တာပေါ့’’ဟု ဂျနီဖာလောရင့်စ်က ပြောသည်။

အော်စကာဆုရ သရုပ်ဆောင်မင်းသမီးဂျနီဖာလောရင့်စ်သည် ဗြိတိန်သရုပ်ဆောင်မင်းသား နီကိုးလပ်စ်ဟော့ထ်၊ Codplay တေးဂီတအဖွဲ့ခေါင်းဆောင် ခရစ်မာတင်တို့နှင့် နာမည်ကျော် ချစ်ဇာတ်လမ်းများရှိခဲ့သူဖြစ်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top