iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ရှောင်ကြည်ရမည့်အရာ များစွာ ရှိသည်။ ပင်ပန်းနွမ်းလျမှုကို အမြဲခံစားရနိုင်ပြီး အခြေအနေပိုမဆိုးစေရေး ကိုယ်ဝန်ဆောင်များ ကဖိန်းဓာတ်သောက်သုံးမှုကို ထိန်းချုပ် ရန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ညွှန်ကြားထားသည်။

သို့သော် မိခင်လောင်းများအနေဖြင့် မများလွန်းသော ကဖိန်း ဓာတ်ပမာဏသောက်သုံးခြင်းကြောင့် ၎င်းတို့ရင်သွေး၏ဉာဏ်ရည်  ကို ထိခိုက်ခြင်းမရှိဟု လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် တစ်နေ့လျှင် ၂၀၀ မီလီဂရမ်ထက်မပိုသော ကဖိန်းဓာတ်ကိုသာ သောက်သုံးသင့် ကြောင်း ကျွမ်းကျင်သူများက ညွှန်ကြားသည်။ ကဖိန်းဓာတ်မှာ အချင်းမှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ခန္ဓာကိုယ်က မြင့်မားသော ကဖိန်းဓာတ်ပမာဏကို လက် ခံဖြေရှင်းနိုင်သော်လည်း ကလေး၏ဇီဝဖြစ်ပျက်မှုမှာ ဖွံ့ဖြိုးဆဲအခြေ အနေဖြစ်သောကြောင့် ကဖိန်းဓာတ်ကို ကလေးများ၏ဇီဝဖြစ်ပျက် မှုစနစ်က အပြည့်အဝလက်ခံဖြေရှင်းနိုင်ခြင်းမရှိပေ။

ထို့ပြင် ကဖိန်းဓာတ်က မိခင်၏သွေးပေါင်နှင့် နှလုံးခုန်နှုန်းကို မြင့်တက်စေနိုင်သည်။ ကဖိန်းဓာတ်မှာ လက်ဖက်ရည်နှင့်ကော်ဖီများ တွင်သာ ပါဝင်သည်မဟုတ်ဘဲ ချောကလက်၊ ဆိုဒါနှင့်အလွယ်တကူ ဝယ်ယူနိုင်သည့် ခေါင်းကိုက်ပျောက်ဆေးများတွင်လည်း ကဖိန်း ဓာတ်ပါဝင်သည်။
သုတေသီများ၏ယခင်လေ့လာမှုတစ်ခုတွင် ကိုယ်ဝန်ဆောင် ချိန်၌ ကဖိန်းဓာတ်ပိုမိုစားသုံးခြင်းကြောင့် ကလေးငယ်အဝလွန် ဖြစ်နိုင်သည့် အန္တရာယ်ပိုမများကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ယခုလေ့လာမှုအတွင်း ကလေးငယ် ၁၁ ရာခိုင်နှုန်းသည် အ သက်(၄)နှစ်အရွယ်တွင် အဝလွန်လာပြီး ၇ ရာခိုင်နှုန်းသည် အသက် (၇)နှစ်အရွယ်တွင် အဝလွန်လာသော်လည်း မိခင်၏ကဖိန်းဓာတ် စားသုံးမှုနှင့် ကလေးငယ်များအဝလွန်မှုအကြား ဆက်စပ်မှုမတွေ့ရ ဟု သုတေသီများက ပြောသည်။
မများလွန်းသော ကဖိန်းဓာတ်ပမာဏဟု သုတေသီများက ပြောသော ပမာဏမှာ တစ်နေ့လျှင် ကော်ဖီတစ်ခွက်(သို့မဟုတ်)နှစ်ခွက် သောက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top