iMyanmarHouse.com - Best Property Website for Myanmar
×

ဟောလီးဝုဒ် မင်းသမီး Jennifer Lawrence ဟာ Passengers ဆိုတဲ့ ရုပ်ရှင် အသစ်ထဲမှာ အိမ်ထောင်ရှင် မင်းသားတစ်ယောက်ဖြစ်တဲ့ Chris Pratt နဲ့အတူ ပထမဆုံး ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ရတာဟာ အပြစ်ရှိတယ်လို့ ခံစားရကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။

အော်စကာ ဆု တစ်ခုကို ရရှိထားပြီး ဖြစ်သည့်တိုင်အောင် အသက် ၂၅ နှစ်အရွယ် မင်းသမီးဟာ Passengers ရုပ်ရှင် မတိုင်ခင်အထိ ဘယ် သရုပ်ဆောင်နဲ့ မှ ချစ်ခန်း ကြိုက်ခန်း ၊ အရမ်းလန်းတဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးခဲ့ဖူးခြင်း မရှိပါဘူး။

Hollywood Reporter သတင်းဌာန နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ Jennifer Lawrence က သူမရဲ့ ထူးဆန်းတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ အကြောက်တရားကို ဖွင့်ဟ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ကျွန်မ လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက Chris Pratt နဲ့ Passengers ဇာတ်လမ်းရိုက်ကွင်းမှာ ကျွန်မ ရဲ့ ပထမဆုံး ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်း ကိုရိုက်ကူးခဲ့ရပြီး အဲဒါဟာ အရမ်းကို ခံရခက်ပါတယ်။ အရမ်းကို ထူးဆန်းနေပါတယ်" လို့ သူမ က ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ထို ရိုက်ကွင်းကို သူမ ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာကိုတော့ "ကျွန်မ တစ်ကယ့်ကို မူးနေခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်မကို ပိုမို မောပန်းစေခဲ့ပြီး အိမ်ပြန်ရောက်တဲ့အခါမှာ ကျွန်မဘာလုပ်ခဲ့သလဲ ဆိုတာကို ကျွန်မ မသိတော့ပါဘူး" လို့ ပွင့်ပွင့်လင်းလင်း ပြောပြသွားပါတယ်။

သူမဟာ Hollywood Reporter သတင်းဌာနရဲ့ ၅ နှစ်မြောက် နှစ်ပတ်လည် စာစောင်မှာ အကောင်းဆုံး မင်းသမီး ဆုရ ထားသူ သရုပ်ဆောင်တွေနဲ့အတူ စကားဝိုင်းဖွဲ့ပြီး အင်တာဗျူးအစီအစဉ် ပြုလုပ်စဉ်မှာ အခုလို ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

Credit : သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top