iMyanmarHouse.com - Best Property Website for Myanmar
×

Kardashian မိသားစု မှာ အငယ်ဆုံး ၂ ယောက်ဖြစ်တဲ့ Kendall Jenner နဲ့ Kylie Jenner တို့က ခန္ဓာကိုယ် အလှအပ တွေကြောင့် ပိုမို အောင်မြင်လာတဲ့အခါမှာ Kim Kardashian ဟာ သူမလည်း ခေသူ မဟုတ်ဘူးဆိုတာကို ပြသလိုက်ပါတယ်။

ခင်ပွန်းသည် Kanye West ရဲ့ ဒုတိယ ရင်သွေးကို လွယ်ထားရတဲ့ အသက် ၃၅ နှစ်အရွယ် Kim Kardashian ဟာ သူမဟာ ပုဂ္ဂိုလ်ရေး လက်ထောက် အရာရှိ နဲ့အတူ တနင်္လာနေ့ညက ညဘက် အပြင်ထွက်ခဲ့ပြီး သူမရဲ့ သန်းပေါင်းများစွာ သော ပရိတ်သတ်တွေအတွက် ဆယ်လ်ဖီ ဓါတ်ပုံနဲ့ အတူ ရင်သားတွေကို လှစ်ဟပြသခဲ့ပြန်ပါတယ်။

ကိုယ်ဝန်သည် Kim ဟာ လည်ပင်းအဟ စွပ်ကျယ် အကျီင်္နဲ့အတူ မိတ်ကပ်တွေလည်း ခြယ်သထားပြီး သူမရဲ့ ပုဂ္ဂိုလ်ရေး လက်ထောက်နဲ့ ပွေ့ဖက်ထားတဲ့ ဓါတ်ပုံကိုလည်း တင်ထားပါတယ်။ အဲဒီ ဓါတ်ပုံကိုတော့ ဘာခေါင်းစဉ်မှာ မပေးထားပဲ သူမရဲ့ ရင်သားတွေကို ပြသထားတဲ့ ဓါတ်ပုံမှာတော့ Hi လို့ ခေါင်းစဉ်ရေးထားပါတယ်။

Kim ရဲ့ အခုလို Sexy မြင်ကွင်းဟာ သူမရဲ့ ကိုယ်ဝန်ဆောင်ခြင်း အကြောင်း ညဉ်းတွားအပြီးမှာ ပေါ်ထွက်လာတာပါ။ သူမဟာ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပတ်သက်လို့ ရွံရှာ စက်ဆုပ်ဖွယ်ကောင်းတယ်လို့ ဆိုပြီး ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်တိုးခဲ့တာနဲ့ ပတ်သက်ပြီး သူမမှာ ပြန်လည် ထိန်းသိမ်းစရာ တွေ အများကြီးရှိနေတယ်လို့လည်း ဆိုပါတယ်။

"ကိုယ်ဝန်ဆောင်ခြင်းဟာ ဘယ်လောက်ထိ ဆန်းကြယ်တယ်ဆိုတာကို ကျွန်မ အမေဆီကရော ကျွန်မရဲ့ အမ Kourtney ဆီက ရော ကျွန်မ ကြားဖူးပါတယ်။ ဒါပေမယ့် ကျွန်မအတွက်တော့မဟုတ်ပါဘူး။ ကျွန်မ ဒီနေရာမှာ ထိုင်နေပြီးတော့ အံ့ဖွယ် အတွေ့အကြုံတစ်ခုသဖွယ် သရုပ်ဆောင်နေမှာ မဟုတ်ပါဘူး။ အဲဒါဟာ ကြောက်ရွံ့ စက်ဆုပ်ဖွယ်ကောင်းပါတယ်။" လို့ Kim Kardashian က ပြောပြခဲ့ပါတယ်။

Credit : သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top