iMyanmarHouse.com - Best Property Website for Myanmar
×














Kim Kardashian က မကြာသေးခင်ကပဲ သူ့ရဲ့ အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်မှုအကြောင်း ဆရာဝန်တွေက သားကလေးမွေးတဲ့အခါ သားအိမ်ထုတ်ပစ်ရနိုင်ချေများတယ်လို့ ဆိုကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် နာမည်ကျော်စတားဟာ ဒီဇင်ဘာလမှာ မွေးဖွားမှာဖြစ်ပြီး သူ့ရဲ့စိုးရိမ်မှုတွေကို တနင်္လာနေ့မှာ ထုတ်ဝေမယ့် E!News ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြသွားခဲ့တာဖြစ်ပါတယ်။

 “ ဒီကိုယ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ကျွန်မနည်းနည်းပိုပြီး စိတ်လှုပ်ရှားထိတ်လန့်နေပါတယ် ဘာလို့လည်းဆိုတော့ ကျွန်မမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ချို့ကြောင့်ပါ” လို့ သူကဆိုပါတယ်။

Kardashian က ၂၀၁၃ ခုနှစ် သမီးလေး North ကိုလည်း အချင်းချက်ကြိုး အနေအထားမမှန်တာကြောင့် ခက်ခက်ခဲခဲမွေးခဲ့ရတာဖြစ်ပါတယ်။ အဆိုတော် Kanye နဲ့သူ့ရဲ ဒုတိယမြောက်ရင်သွေးလေးကို မွေးတဲ့အခါမှာလည်း အန္တရာယ်များမယ်လို့ သူကဆိုပါတယ်။ သူ့ရဲ့ ၀က်ဘ်ဆိုဒ်မျာလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး သားလေးမွေးပြီးနောက်ပိုင်း သားအိမ်ထုတ်ပစ်ရနိုင်ချေ ရှိကြောင်း ရေးသားဖော်ပြထားခဲ့ပါတယ်။

Credit : Thithtoolwin

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top