iMyanmarHouse.com - Best Property Website for Myanmar
×










ကမ္ဘာတစ်လွှားသိကြတဲ့ စူပါစတားတစ်ယောက်ရဲ့ ကိုယ်ရံတော်တွေကို လူတွေသိပ်သတိမထားမိကြပေမယ့် Adele ရဲ့ ကိုယ်ရံတော် Peter Van der Veen ကတော့ သူ့ ရဲ့ ချောမောကြည့်ကောင်းတဲ့ ရုပ်ရည်နဲ့  တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့် Adele နဲ့ တန်းတူ နာမည်ကြီးရေပန်းစားလျက် ရှိပါတယ်။

ဒတ်ခ်ျလူမျိုး Peter Van der Veen ဟာ မေးရိုးကားကား၊  ကြည်လင်တောက်ပတဲ့အပြာရောင်မျက်ဝန်း၊ ကြွက်သားအဖုအဖောင်းတွေနဲ့ ပျိုမေတို့ ရဲ့ ရင်ခုန်သံကို သိမ်းပိုက်လိုက်ပါတယ်။ ၂၀၀၅ ခုနှစ် Mr Europe ဆုကို ရရှိထား တဲ့ ကာယဗလမောင်ဟောင်း၊ သက်တော်စောင့်နဲ့ Adele ရဲ့ ဓာတ်ပုံတွေဟာ ဆိုရှယ်မီဒီယာတွေမှာ ပျံ့ နှံ့ လျက်ရှိပြီး ဂရမ်မီဆုရအဆိုတော် Adele ထက်တောင် ပရိတ်သတ်တွေရဲ့ အာရုံစူးစိုက်မှုကို ခံရလျက်ရှိပါတယ်။

Adele ရဲ့ ပရိတ်သတ်တစ်ဦးက Twitter မှာ အခုလိုရေးသားခဲ့ပါတယ်။ “ Adele ရဲ့ အယ်ဘမ်သစ်ကိုကြိုက်ပေမယ့် ၊ သူ့ ရဲ့ ကိုယ်ရံတော်လေးကိုပဲ စိတ်ထဲ ပိုစွဲလန်းနေမိတယ်”  နောက်တစ်ယောက်ကတော့ “ ခရစ်စမတ်မှာလိုချင်တာလေးကတော့ Adele ရဲ့ ကိုယ်ရံတော်လေး ကျွန်မခရစ်စမတ်သစ်ပင်အောက်မှာ ထိုင်ပြီး ကျွန်မကို စောင့်နေတာလေးပေါ့” လို့ ရေးသားခဲ့ပါတယ်။
ပျိုမေတို့ နှလုံးသားတွေကိုသိမ်းပိုက်ခဲ့တဲ့ Peter Van der Veen ဟာ အရင်က Lady Gaga ၊ ရက်ပါ Iggy Azalea တို့ ဆီမှာ ကိုယ်ရံတော်တာဝန်ယူဖူးပေမယ့်၊ Adele ဆီရောက်မှာ တစ်မဟုတ်ချင်း နာမည်ကျော် သွားခဲ့တာ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top