iMyanmarHouse.com - Best Property Website for Myanmar
×

စိုင်းစိုင်းခမ်းလှိုင်က ၎င်း ရိုက်ကူးထားသည့် ‘ဧဒင်ရဲ့ နတ် သမီး’ရုပ်ရှင်သည် ခေါင်းဆောင် မင်းသားအနေဖြင့် ပထမဆုံးရုံ တင်မည့် ဇာတ်ကားဖြစ်သော ကြောင့် ယခင်ရုံတင်ခဲ့သည့် ရုပ် ရှင်ဇာတ်ကားများထက် ပို၍ ရင် ခုန်နေကြောင်း ပြောသည်။

ထို့အပြင် ယင်းရုပ်ရှင်သည် ယခင်ရုံတင်ခဲ့သော ‘မင်္ဂလာပါ’၊ ‘အာဒမ်ဧဝဒသ’၊ ‘ရင်ခုန်နှင်းဆီ’၊ ‘ကျူးပစ်ရဲ့ကျေးကျွန်များ’ စသည့် ရုပ်ရှင်ဇာတ်ကားများကဲ့သို့ ဒုတိယမင်းသားအနေဖြင့် သရုပ် ဆောင်ရခြင်းမဟုတ်သောကြောင့် နောက်ထပ်စာမေးပွဲအောင်စာ ရင်းတစ်ခု စောင့်ရသလို ခံစားရ ကြောင်း ၎င်းက ဆိုသည်။

‘‘အယ်လ်ဘမ်အသစ်တစ် ခွေတည်းပဲ ထွက်ထွက်၊ ရုပ်ရှင် တစ်ကားပဲတင်တင်၊ ကျွန်တော့် အတွက်ကတော့ စာမေးပွဲအောင် စာရင်းစောင့်ရသလိုပဲ။ အသား ကုန်ကြိုးစား၊ စာကျက်၊ ဖြေ၊ ပြီး ရင် အောင်စာရင်းထွက်မယ့်နေ့ ကို ရင်ခုန်ရသလို အမြဲတမ်း အဲဒီ ခံစားမှုမျိုးကို ရပါတယ်’’ဟု စိုင်း စိုင်းခမ်းလှိုင်က ပြောသည်။

ယင်းဇာတ်ကားတွင် စိုင်း စိုင်းခမ်းလှိုင်က မင်းသမီးအသစ် ငါးဦးနှင့် သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ရသည့် ဇာတ်ရုပ်သည် အဆိုတော်စိုင်းစိုင်းခမ်းလှိုင် ၏ ကာရိုက်တာ နှင့်နီးစပ်သည်ဟု ၎င်းကဆိုသည်။

‘‘ကျွန်တော့်ရဲ့ ကာရိုက်တာ က အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ကာရိုက်တာနဲ့ တော်တော်နီးစပ် ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်မဟုတ် ပေမယ့် အပြင်က စိုင်းစိုင်းခမ်း လှိုင်ရဲ့ ဘဝနေထိုင်မှုပုံစံ၊ သူ့အိုက် တင်တွေယူထားပါတယ်’’ဟု ဧဒင်ရဲ့ နတ်သမီးရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်ရသည့် ဇာတ်ရုပ်ကို ပြောသည်။

ယင်းဇာတ်ကားတွင် စိုင်း စိုင်းခမ်းလှိုင်နှင့်အတူ မြနှင်းရည် လွင်၊ ဝင့်ယမုံလှိုင်၊ ပိုင်ဖြိုးသု၊ မေဂရေ့စ်ပယ်ရီနှင့် မာရီကိုးတို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ မီးပွားက ရိုက်ကူးထားသည်။

စိုင်းစိုင်းခမ်းလှိုင်သည် ယနေ့ည (ဒီဇင်ဘာ ၁၂ ရက်)တွင်လည်းသူငယ်ချင်းနှင့်အတူ ကန်တော် ကြီးမျှော်စင်ကျွန်း၌ ဂီတဖျော်ဖြေ ပွဲတစ်ခုတွင် သီဆိုမည်ဖြစ်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top