iMyanmarHouse.com - Best Property Website for Myanmar
×

ဟော်မုန်းဆိုင်ရာ ဟန်ချက်မညီဖြစ်မှုကို လူတိုင်း တစ်သက်တွင် တစ်ခါကြုံတွေ့ရတတ်ပြီး အထူးသဖြင့် အမျိုးသမီးများသည် အမျိုး သားများထက် ပို၍ ယင်းအခြေအနေနှင့် ကြုံတွေ့ရနိုင်သည်။

ဟော်မုန်းဆိုင်ရာ ဟန်ချက်မညီဖြစ်ရသည့် အကြောင်းရင်းများတွင် ပြဿနာရှိသော ဓမ္မတာစက်ဝန်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ အသုံးပြုသည့် သန္ဓေတားဆေးအမျိုးအစား၊ သိုင်းရွိုက်ဂလင်း (သို့မဟုတ်) ဆီးချိုရောဂါဖြစ်ပွားမှုတို့ကြောင့်ဖြစ်သည်။

ယင်းတို့အပြင် အချို့သော လူနေမှုဘဝပုံစံ ပြောင်းလဲမှုများ ကြောင့်လည်း ဟော်မုန်းဆိုင်ရာ မညီမျှမှုဖြစ်ပေါ်နိုင်သည်။

စားနေကျမဟုတ်သော အစားအစာများ ပြောင်းလဲစားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု အလွန်နည်းသည့် နေထိုင်မှု ဘဝပုံစံနှင့် လုံလောက်သော အိပ်စက်ချိန်မရှိခြင်းတို့ကြောင့် ခန္ဓာကိုယ်ထဲရှိ ဟော်မုန်းများကို အပြောင်းအလဲဖြစ်စေနိုင်သည်။

အမျိုးသမီးအများစုကြုံတွေ့ရသော စိတ်တိုခြင်းနှင့် စိတ်ဆတ် ခြင်းတို့မှာ ဟော်မုန်းဆိုင်ရာဟန်ချက်မညီဖြစ်မှုလက္ခဏာများဖြစ်နိုင် ပြီး သွေးဆုံးပြီး အမျိုးသမီးများကြုံတွေ့ရနိုင်သည့် စိတ်ဓာတ်ကျခြင်း မှာလည်း ယင်းအခြေအနေကို ဖော်ပြသော နောက်လက္ခဏာတစ်ခု ဖြစ်နိုင်သည်။

အမျိုးသမီးအများစုသည် လစဉ်ဓမ္မတာမလာမီ အိပ်မပျော်ဖြစ် လေ့ရှိပြီး ခန္ဓာကိုယ်ကို အနားယူစေသော ဟော်မုန်း Progesterone လျော့ကျသွားခြင်းဖြစ်နိုင်သည်။

အိပ်မပျော်နိုင်ဖြစ်ခြင်းကြောင့် စိုးရိမ်ပူပန်မှုဖြစ်လာကာ စိုးရိမ်ပူပန်မှုက အိပ်စက်နိုင်မှုအပေါ် ထိခိုက်စေနိုင်သည်။

ဆယ်ကျော်သက်အရွယ်က ပေါက်ခဲ့သော ဝက်ခြံများမှာ အမျိုးသမီးများ အရွယ်ရောက်လာချိန်တွင် ပျောက်မသွားဘဲ ဆက်လက် ဖြစ်ပေါ်နေပါက ဟော်မုန်းဆိုင်ရာ အနှောင့်အယှက်ဖြစ်မှုနှင့် ဆက် စပ်နိုင်သည်။

ဟော်မုန်းအပြောင်းအလဲများ ဖြစ်ပေါ်မှုကြောင့် ဝက်ခြံထွက် လာနိုင်ပြီး ကျားဟော်မုန်း androgen ပမာဏများနေခြင်းကြောင့် ဖြစ်နိုင်သည်။

လူတိုင်း၏လိင်စိတ်မှာ များလာလိုက် နည်းသွားလိုက်ဖြစ်လေ့ ရှိသော်လည်း လိင်စိတ်သိသိသာသာ လျော့နည်းနေပါက ဟော်မုန်း ဆိုင်ရာ ဟန်ချက်မညီမှုကြောင့် ဖြစ်နိုင်သည်။

ယင်းလက္ခဏာများအပြင် ဟော်မုန်းဆိုင်ရာ ဟန်ချက်မညီမှု ကြောင့်ဖြစ်သော အခြားသတိမပြုမိနိုင်သော လက္ခဏာများလည်း ရှိနိုင်သောကြောင့် ရင်သားစစ်ဆေးမှု တစ်လတစ်ကြိမ် ပြုလုပ်သင့် သည်။

ဟော်မုန်းဆိုင်ရာ ဟန်ချက်မညီဖြစ်မှု နောက်ထပ်လက္ခဏာ တစ်ခုမှာ မအင်္ဂါခြောက်သွေ့ခြင်းဖြစ်ပြီး သွေးဆုံးခါနီး အမျိုးသမီး များ ကြုံတွေ့နိုင်သည်။

ဓမ္မတာလာချိန်နီးလာလျှင် ပုံမှန်ခေါင်းကိုက်လေ့ရှိခြင်းမှာ ဟော်မုန်းဆိုင်ရာ ဟန်ချက်မညီဖြစ်နေခြင်းကို ဖော်ပြသော လက္ခဏာတစ်ခု ဖြစ်နိုင်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top