iMyanmarHouse.com - Best Property Website for Myanmar
×

တောင်ကိုရီးယားသရုပ် ဆောင်မင်းသား ဆောင်အီဂွတ် နှင့် သားသုံးဦးသည် KBS2 ရုပ်သံလိုင်း၏ The Return of Super man အစီအစဉ်မှ ထွက်ခွာတော့ မည်ဟု ရုပ်သံအစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင် အတည်ပြုသည်။

ဆောင်အီဂွတ်တို့သားအဖ သည် ၂၀၁၄ ဇူလိုင်တွင် TheReturn of Superman အစီအစဉ်၌ စတင်ပါဝင်လာပြီး ယခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင်ရုပ်သံအစီအစဉ် ရိုက်ကူးမှု အဆုံးသတ်ခဲ့သည် ဟု ရုပ်သံအစီအစဉ်ထုတ်လုပ် ရေးအဖွဲ့ကပြောသည်။ The Return of Super man အစီအစဉ်၌ ၎င်းတို့သားအဖ ပါဝင် သရုပ်ဆောင်ထားသော နောက် ဆုံးအပိုင်းကို လာမည့်နှစ် ဖေဖော်ဝါရီတွင် ထုတ်လွှင့်ပြသမည်ဖြစ် သည်။ The Return of Super man အစီအစဉ်မှ ဆောင်အီဂွတ်တို့သားအဖထွက်ခွာတော့မည်ဟူသော သတင်းများထွက်ပေါ်နေ သည်မှာ ကြာပြီဖြစ်သော်လည်း ဒီဇင်ဘာ ၂၂ ရက်တွင်မှ တရားဝင်အတည်ပြုချက်ထွက်လာခြင်းဖြစ်သည်။

‘‘ဆောင်အီဂွတ်တို့သားအဖကို အားပေးခဲ့ကြတဲ့ ပရိသတ်ကြီး ကိုကျေးဇူးတင်ပါတယ်။ သူ့ရဲ့ သားသုံးယောက် ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာ တာ မြင်တွေ့ခဲ့ရလို့ တကယ်ဝမ်းသာမိပါတယ်။ တကယ့်စူပါမန်းဆိုတာ ဘယ်လိုဆိုတာပြသခဲ့တဲ့ ဆောင်အီဂွတ်ကိုလည်း ကျေးဇူးတင်ပါတယ်။   ဆောင်အီဂွတ်ကို သရုပ်ဆောင်မင်းသားတစ် ယောက်အနေနဲ့ ဆက်လက်အားပေးသွားပါမယ်’’ ဟု ယင်း ရုပ်သံအစီအစဉ်ထုတ်လုပ်ရေး အဖွဲ့က ပြောသည်။

ဂျူမုံမင်းသားအဖြစ် နာမည် ကျော်ကြားသော ဆောင်အီဂွတ် သည် Jang Yeong Sil အမည်ရ ကိုရီးယားရာဇဝင်ဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ရန် အတည် ပြုခဲ့ပြီးနောက် The Return of Superman ရုပ်သံအစီအစဉ်မှ ထွက်ခွာတော့မည်ဟူသော သတင်းများထွက်ပေါ်လာသည်။ Jang Yeong Sil ဒရာမာဇာတ် လမ်းတွဲကို လာမည့် ဇန်နဝါရီ တွင် KBS 1 ရုပ်သံလိုင်းမှ ထုတ် လွှင့်ပြသမည်ဖြစ်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top