iMyanmarHouse.com - Best Property Website for Myanmar
×

ကျွန်တော်တို့ ညကောင်းကောင်း အိပ်လိုက်ရရင် အားပြည့်လန်းဆန်း၊တက်ကြွမှုကို ခံစားရပြီး၊ ကောင်းကောင်း မအိပ်လိုက်ရရင်တော့ ဆန့် ကျင်ဘက်ကို ခံစားရတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အိပ်စက်ခြင်းအကြောင်း ကျွန်တော်တို့ မသိသေးတဲ့ အရာတွေ အများကြီးရှိပါတယ်။ အောက်မှာလေ့လာကြည့်ရအောင်။

၁။ အိပ်ရေးပျက်ရခြင်းရဲ့အဓိက အကြောင်းတရားတစ်ခုကတော့ ရောဂါဝေဒနာ ကြောင့် ဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း ၂၀၀ ကျော်ကို စစ်တမ်းကောက်ယူမှုအရ ၀န်ထမ်း ၂၀၀ ကျော်ရဲ့ ၉၈ ရာခိုင်နှုန်းက သူတို့ ရဲ့ လူနာတွေဟာ ရောဂါ၊ဝေဒနာဒဏ်ကြောင့် ညဘက်ကောင်းကောင်းအိပ်မပျော်တာ၊ အိပ်မရတာ တွေဖြစ်ရကြောင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့အပြင် အိပ်ရေးပြည့်ပြည့်၀၀ မအိပ်ရတာဟာ လူတစ်ယောက်ရဲ့ အလုပ်စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေနိုင်တယ်လို့  ၁၀၀ ရာခိုင်နှုန်း အားလုံး တညီတညွတ်တည်းပြောခဲ့ကြပါတယ်။

၂။ အိပ်ရေးမ၀ခြင်းရဲ့အကျိုးဆက်က ဆက်တိုက်သက်ရောက်မှု ရှိတယ်။
အိပ်စက်ဖို့ လုံလောက်တဲ့ အချိန်ရရင်တောင်မှ လူတိုင်းဟာ လိုအပ်တဲ့ အိပ်စက်မှုအချိန်ပမာဏကို မရနိုင်ဘူးဆိုတာ သတိပြုမိဖို့ လိုပါတယ်။ အိပ်စက်ချိန် အသက်ရှူရပ်တန့် ခြင်းရောဂါ လိုမျိုး အိပ်စက်မှု ဆိုင်ရာရောဂါတွေကြောင့် ခဏခဏ ကြက်အိပ်ကြက်နိုးဖြစ်နေတတ်ပြီး၊ တစ်ခါတစ်လေ မိနစ်ခြားတိုင်း ဖြစ်နေတတ်ကာ လူကသတိတောင် မထားမိတတ်ဘူးလို့ သိရပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကို အလွန်ပင်ပန်း နွမ်းနယ်စေပြီး လူ့ ခန္ဓာကိုယ် အားအင်ပြန်လည်ပြည့်ဝမှု၊ပြင်ဆင်မှုတွေအတွက် လိုအပ်တဲ့ အိပ်စက်မှုစက်ဝိုင်း ကိုလည်း ပြီးမြောက်အောင်မရစေနိုင်ပါဘူး။

၃။ အေးစက်တဲ့ အခန်းမှာအိပ်စက်တာက အကောင်းဆုံး။
အခန်းအပူချိန်ဟာ ၆၇ ဒီဂရီပတ်ဝန်းကျင်လောက်သာ ရှိသင့်ပြီး အခန်းအေးနေတာကြောင့် ခန္ဓာကိုယ်အပူချိန်ပါ ကျဆင်းလာပြီး၊ အိပ်ပျော်သွားဖို့ နဲ့ အိပ်မောကျနေဖို့ အတွက် အပူချိန်ကျဆင်းမှုက အဓိကလိုအပ်ပါတယ်။

၎။ မအိပ်ခင် ချယ်ရီသီးဖျော်ရည်သောက်ပေးတာက ကောင်းကောင်းအိပ်ပျော်စေတယ်။
ချယ်ရီသီးဟာ ခန္ဓာကိုယ်ရဲ့အိပ်စက်မှုဟော်မုန်း မီလာတိုနင်ပမာဏကို မြင့်တက်ကောင်းမွန်စေပါတယ်။ အိပ်ရာမ၀င်ခင် ချယ်ရီသီးဖျော်ရည်တစ်ခွက်လောက် သောက်ပေးတာက ကောင်းကောင်းအိပ်ပျော်စေပြီး၊ သုတေသနတွေအရလည်း ဖျော်ရည်ဟာ အိပ်မရသူ၊မျက်စိကြောင်တတ်သူတွေကို ကောင်းကောင်းအိပ်ပျော် စေတာကို တွေ့ ရှိထားပါတယ်။

၅။ အီလက်ထရောနစ်ပစ္စည်းတွေက အိပ်စက်မှု စွမ်းရည်ကို ဟန့် တားနိုင်တယ်။
ဒါကို ခဏခဏဖတ်ဖူးတယ်မလား။ အခုလည်းထပ်ဖတ်ရဦးပါမယ်။ ဘာလို့ လည်းဆိုတော့ ဒါဟာအရေးကြီး တဲ့အချက်မို့ လို့ ပါ။ သင်အိပ်စက်တဲ့အခန်းဟာ လုံးဝမှောင်နေဖို့ လိုအပ်ပါတယ်။ TV ၊ ကွန်ပြူတာ၊ စမတ်ဖုန်း နဲ့ တက်ဘလက်တွေက ထွက်တဲ့ အပြာရောင်အလင်းတန်းဟာ ဦးနှောက်ကို နိုးကြွစေပြီး၊ မီလာတိုနင်ဟော်မုန်း ထုတ်လုပ်မှုကိုလည်း လျော့ပါးစေကာ၊ ခန္ဓာကိုယ်ရဲ့အိပ်စက်မှုလုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။

၆။ နေ့ လယ်နေ့ ခင်းအိပ်ပေးတာက ဦးနှောက်အတွက် အဓိကလိုအပ်တယ်။
နေ့ လယ်နေ့ ခင်း တစ်မှေးအိပ်ပေးတာက ညဘက်ကောင်းကောင်းအိပ်မပျော်ခြင်းကြောင့် ပင်ပန်းနွမ်းနယ် ခံစားရမှုကို သက်သာစေပြီး လူကို လန်းဆန်းအားပြည့်စေပါတယ်။ ဦးနှောက်ရဲ့သိမှတ်စွမ်းရည်ကိုလည်း ကောင်းစေပြီး လူတိုင်း တတ်နိုင်သမျှ မိနစ် ၃၀ လောက် တစ်မှေးအိပ်ပေးဖို့ လိုအပ်ပါတယ်။

၈။ အိပ်စက်မှု အဆင့်တိုင်းမှာ အိပ်မက်မက်တယ်။
REM (rapid eye movement) အဆင့်မှာပဲ အိပ်မက်မက်တာ မဟုတ်ပါဘူး။ အဆင့်တိုင်းမှာ အိပ်မက်မက်ပါတယ်။ ဒါပေမယ့် REM အဆင့်မှာ အိပ်မက်မက်ဖို့ က ဖြစ်နိုင်ခြေပိုများတာ ဖြစ်ပါတယ်။ REM ဆိုတာ လုံးဝ အိပ်ပျော်သွားတဲ့အခြေအနေဖြစ်ပြီး NREM ကတော့ အလွယ်ပြောရရင် အိပ်တစ်ဝက်နိုးတစ်ဝက် အချိန်ဖြစ်ပါတယ်။

၉။ တစ်နေ့ ကို ရှစ်နာရီအိပ်ဖို့ လိုတယ်ဆိုတာ ပါးစပ်ပြောတစ်ခုပါ။
ဘာလို့ လည်းဆိုတော့ လူတိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် အိပ်စက်မှုအချိန်လိုအပ်ချိန်က မတူညီပါဘူး။ တစ်ချို့ လူတွေမှာ ၁၂ နာရီလောက် လိုအပ်နိုင်ပြီး တစ်ချို့ မှာတော့ ရှစ်နာရီအောက်ပဲ အိပ်ဖို့ လိုပါတယ်။

၁၀။ ပုံမှန်အိပ်နေကြထက် ဘယ်တော့မှကြာကြာ ပိုမအိပ်သင့်ပါ။
တကယ်လို့ ပိုအိပ်မယ်ဆိုရင်၊ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကိုထိန်းချုပ်ထားတဲ့ ဇီဝနာရီ ရစ်သမ်ကို သွား ထိခိုက်မှုရှိပြီး ကမောက်ကမတွေဖြစ်နိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top