iMyanmarHouse.com - Best Property Website for Myanmar
×

ဒိန်ချဉ်အသောက်များ သူတို့သည် ကိုယ်ရေစစ်၊ အဆီနည်းပြီး၊ ခါးကျဉ်းကြကြောင်း လေ့လာမှုစစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။ နယ်သာလန်နိုင်ငံ ထရန်ချက် တက္ကသိုလ်မှ ရီနီလီနီယာ-၀ီဂျင်ကို့ပ်နှင့် အဖွဲ့က လေ့လာသုတေသန ပြုထားခြင်းဖြစ်သည်။

ယခုစစ်တမ်းသည် ဒိန်ချဉ်သောက်သူများ ကိုယ်ရေစစ်ကြောင်း တွေ့ရှိခြင်းသာ ဖြစ်ပြီး၊ ဒိန်ချဉ်ကြောင့် ကိုယ်ရေစစ် ရသည်ဟု တိုက်ရိုက် ဆိုလိုခြင်း မဟုတ်သည်ကို သတိပြုကြ စေလိုကြောင်းဖြင့် မစ္စရီနီက ပြောသည်။       

  လေ့လာသုတေသန အဖွဲ့သည် ယခင် လုပ်ထားပြီးသား စစ်တမ်းပေါင်း (၂၂) ခု ကို ပြန်ပေါင်းခြုံ သုံးသပ်ထားခြင်း ဖြစ်သည်။ စစ်တမ်းရလဒ် များအရ ဒိန်ချဉ် အသောက်များ သူတို့သည် ခန္ဓာကိုယ် ပိုပြီး ကျစ်လျစ်သွယ်လျကြသလို၊ ကျန်းမာသော ခန္ဓာကိုယ် အချိုးအစားမျိုးလည်း ရှိကြကြောင်း တွေ့ရှိခဲ့ရသည်။  

  လေ့လာတွေ့ရှိချက် များကို အ၀လွန် ခြင်းဆိုင်ရာ Journal of Obesity တွင် ထည့်သွင်းဖော်ပြ ထားသည်။

  ဒိန်ချဉ် အသောက်များသူတို့ ကိုယ်ရေပိုစစ်ရခြင်းမှာ ဒိန်ချဉ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့်လော၊ အခြားသော ပြင်ပ သက်ရောက်မှုများ ကြောင့်လော တိတိကျကျ သိနိုင်အောင် လက်တွေ့ သုတေသနများ ဆက်လုပ်သွားဦးမည် ဟုလည်း မစ္စရီနီက ပြောသည်။   

Credit:Messenger

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top