iMyanmarHouse.com - Best Property Website for Myanmar
×

အိပ်ရေးမဝခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်နိုင်ကြောင်း ကျယ်ပြန့်စွာ သိထားကြတဲ့အချိန်မှာ အအိပ်လွန်ခြင်းကလည်း အလားတူ အကျိုးဆက်ဖြစ်စေကြောင်း အထောက်အထားသစ်တစ်ရပ်က ဖော်ပြထားပါတယ်။

Sydney တက္ကသိုလ်မှ ပညာရှင်များ ပြုလုပ်ခဲ့တဲ့ လေ့လာမှုက တစ်ရက် ၉ နာရီထက် ပိုအိပ်သူ၊ တစ်ရက် ၇ နာရီထက် ပိုထိုင်ပြီး တစ်ပတ် မိနစ် ၁၅၀ ထက် လေ့ကျင့်ခန်း ပိုမလုပ်သူတွေဟာ ကျန်းမာရေးနဲ့ ပိုညီညွတ်သော် အပြုအမူရှိသူများနဲ့ နှိုင်းယှဉ်ပါက စောစောသေဆုံးနိုင်ခြေ ၄ ဆပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။

ယင်းရှာဖွေတွေ့ရှိချက်ကို New South Wales မှ အသက် ၄၅ နှစ်နဲ့ အထက်ရှိ လူအယောက် ၂၃၀,၀၀၀ ကျော်ရဲ့ ကျန်းမာရေးအလေ့အကျင့်များအား အသေးစိတ်လေ့လာပြီးနောက် ပြုလုပ်ခဲ့တာဖြစ်ကြောင်း ၄င်းတက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုဒ်အရ သိရပါတယ်။

ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ထမင်းပုံမှန်မစားခြင်းနဲ့ ခန္ဓာကိုယ်မလှုပ်ရှား၊ အသုံးမပြုခြင်းများအပါအဝင် ကျန်းမာရေးအန္တရာယ်ဖြစ်စေတယ်လို့ လူသိများအပြုအမူများအပြင် သုတေသီများက အထိုင်များခြင်း၊ အအိပ်နည်းလွန်းခြင်းနဲ့ များလွန်းခြင်းစတဲ့ အချက်များကိုလည်း စမ်းသပ်စစ်ဆေးခဲ့ပါတယ်။

အထိုင်များခြင်းက မိမိအတွက် မကောင်းသည့်အချက်နဲ့ ကျွန်ုပ်တို့ရဲ့ကျန်းမာရေးအပေါ် အိပ်စက်ခြင်းရဲ့အကျိုးသက်ရောက်မှုနဲ့ ပတ်သက်လို့ ပိုမိုနားလည်သဘောလာနေကြောင်း ဖော်ပြတဲ့ သက်သေအထောက်အထားများ မကြာသေးခင်နှစ်များအတွင်း တိုးပွားလာခဲ့ပါတယ်။ ဒါပေမယ့် ဒါ ပထမဆုံးအကြိမ် လေ့လာမှုဖြစ်ကြောင်း ယင်းသုတေသနဦးစီးလုပ်ဆောင်သူ Dr. Melody Ding က ဆိုပါတယ်။

ယင်းသုတေသနအရ ၄ ဆလောက် စောပြီး အသက်သေဆုံးမှု ပိုလို့တောင်ဖြစ်စေတဲ့အရာတွေက ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်ကျွံ့သောက်ခြင်းနဲ့ အိပ်ရေးပျက်ခြင်းတို့ ဖြစ်ကြောင်း သိရပါတယ်။ အသေစောခြင်းအန္တရာယ် နှစ်ဆတိုးစေတဲ့ တခြားအရာများမှာ ကိုယ်လက် မလှုပ်ရှားခြင်းအပြင် အအိပ်များလွန်းခြင်းတွေ ပါဝင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top