iMyanmarHouse.com - Best Property Website for Myanmar
×

အသားရေ ဝင်းလက်တောက်ပြောင်နေဖို့ နောက်ဆို ဈေးကြီးပေးရတဲ့ ထုတ်ကုန်ပစ္စည်းတွေ မလိုတော့သလို၊ ပိုက်ဆံအများကြီးအကုန်ခံပြီး အလှပြင်ဆိုင်လည်း သွားစရာမလိုတော့ပါဘူး။

ဘာမဟုတ်တဲ့ ငှက်ပျောသီးက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်ခု ဖြစ်ရုံတင်မက သင့်အသားရေအတွက် ဘယ်လောက်ထိ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

အသားရေခြောက်သွေ့ခြင်း

ပျော့ဖတ်ဖတ်လေးဖြစ်အောင် ကြိတ်ခြေထားသော ငှက်ပျောသီးအမှည့် ထက်ခြမ်းလောက်ကို ပျားရည်ရောပြီး မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ ၂၀ - ၂၅ မိနစ်ကြာပြီးနောက် ရေနွေးနဲ့ ဆေးချပေးရပါမယ်။

အသားရေ ဝင်းလက်တောက်ပစေခြင်း

သံပုယိုရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းကို ကြိတ်ခြေထားတဲ့ ငှက်ပျောသီးနဲ့ ရောစပ်ပြီး မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးရပါမယ်။ မိနစ် ၂၀ ကြာပြီးနောက် ရေနွေးဖြင့် မျက်နှာသစ်ဆေးချပေးပါ။

သဘာဝအလျှောက်တိုက်ချွတ်ပေးခြင်း

ကြိတ်ခြေထားတဲ့ ငှက်ပျောသီးမှည့်နဲ့ သကြား အရောအနှောကို အဝိုင်းလိုက်ပုံစံဖြင့် ပွတ်တိုက်နှိပ်နယ်ပေးပါ။ ဒီသဘာဝ ပွတ်တိုက်ဆေးကြောနည်းက အသားရေ စိုပြေစေပြီး ဆဲလ်သေများကို ဖယ်ရှားပေးပါတယ်။

အိုမင်းရင့်ရော်မှုနှေးကွေးစေခြင်း

ထောပတ်သီးနဲ့ ငှက်ပျောသီးကို အတူရောကြိတ်၊ မျက်နှာလိမ်းခြယ်ပြီး မိနစ် ၂၀ ကြာပြီးနောက် ပြန်ဆေးချပေးပါ။

မို့ဖောင်းဖောင်း မျက်လုံးများ  

ငှက်ပျောသီး တစ်ခြမ်းကို ကြိတ်ခြေပြီး မျက်လုံးပတ်ပတ်လည်မှာ လိမ်းပေးရမှာပါမယ်။ ၁၅ မိနစ်ကြာပြီးနောက် ရေအေးနဲ့ ဆေးချပေးပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top