iMyanmarHouse.com - Best Property Website for Myanmar
×

မန္တလေးမြို့၌ ပြုလုပ်မည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲသည် ကိုယ်တိုင် အစအဆုံး စီစဉ်ရသည့်ပွဲဖြစ် သောကြောင့် ပို၍ပင်ပန်းသလို ရင်ခုန်မှုလည်း ပိုများကြောင်း ဝိုင်းစု ခိုင်သိန်းက ပြောသည်။

‘‘အရင်ပွဲကကျတော့ MRTV-4 အနေနဲ့ လုပ်သွားတာ။ ဒီဖျော်ဖြေပွဲကျတော့ ဝိုင်းစုတစ်ယောက်တည်း အစအဆုံးစီစဉ်ရတာ။ သီချင်းပိုင်းရော၊ ပါဖောမန့်ပိုင်း ရော၊ Lighting ပိုင်းရော အကုန် စဉ်းစားရတာဆိုတော့ ပိုပြီးပင်ပန်း တယ်၊ ပိုလည်း ရင်ခုန်တယ်။ မန္တလေးမှာ ပထမဆုံးလုပ်မယ့် ဖျော်ဖြေပွဲဖြစ်တဲ့အတွက် ပိုပြီးရင်ခုန်တယ်’’ဟု ဝိုင်းစုခိုင်သိန်းက ပြောကြားသည်။

ယင်းဖျော်ဖြေပွဲတွင် ဝိုင်းစုခိုင်သိန်းနှင့်အတူ Rဇာနည်၊ ဟဲလေး၊ Snare၊ အားတီနှင့် စန္ဒီ မြင့်လွင်တို့ ပါဝင်ဖျော်ဖြေပေးမည် ဖြစ်ပြီး Dream Lover တီးဝိုင်းက တင်ဆက်ပေးမည်ဖြစ်သည်။

‘‘ပါဖောမန့်နဲ့ပတ်သက်ပြီး အကောင်းဆုံး တင်ဆက်ဖို့ လုပ်ထားပါတယ်။ ပါဖောမန့်ကတော့ Jade Dragon နဲ့ စတိတ်စင်ပိုင်း ရော၊ ပါဖောမန့်ပိုင်းရော Lighting ပိုင်းကအစ အားလုံးအကောင်းဆုံး ဖြစ်အောင် ဝိုင်းစုတို့ မြန်မာနိုင်ငံနဲ့ ရသလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါဖျော်ဖြေပွဲကို ဇန်နဝါ ရီ ၄ ရက်တွင် Mandalay Hill Resort ၌ ပြုလုပ်မည်ဖြစ်ပြီး ဝင် ကြေးကို ကျပ်တစ်သောင်း၊ နှစ် သောင်းနှင့် သုံးသောင်း အသီးသီး သတ်မှတ်ထားကြောင်း ဝိုင်းစုခိုင်သိန်းက ပြောသည်။

‘‘ရန်ကုန်မှာလည်း ပွဲတစ်ခုလုပ်ဖို့ သေချာသလောက် ရှိတယ်။ လောလောဆယ်တော့ စီစဉ်နေတုန်းပဲ။ One Lady Show အနေနဲ့ မဟုတ်ဘဲ တခြားတစ်ခု အနေနဲ့ လုပ်ဖြစ်မှာပါ’’ဟု ဝိုင်းစုခိုင်သိန်း က ပြောသည်။

ဝိုင်းစုခိုင်သိန်း၏ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဂီတသက်တမ်း (၁၀)နှစ်ပြည့် အမှတ်တရအဖြစ် ယခုနှစ် မတ်လ ၂၃ ရက်က ရန်ကုန်မြို့ ရှင်စောပုလမ်း ရှိ Myanmar Event Park ၌ ပြုလုပ်ခဲ့ပြီး စုစုပေါင်း သီချင်းပုဒ်ရေ ၃၀ ကျော် ဖျော်ဖြေပေးခဲ့သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top