iMyanmarHouse.com - Best Property Website for Myanmar
×

သင်ဟာ အလုပ်အတွက် ပြည့်စုံကောင်းမွန်သူ တစ်ယောက်ဖြစ်ကောင်းဖြစ်နေလိမ့်ပါမယ်။ ဒါပေမယ့် အင်တာဗျူးဖြေနေစဉ်အတွင်း ဒီအမှားအယွင်းတွေ ပြုမူမိခြင်းဟာ သင့်ကို ကျဆုံးမှုတွေ ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ သိထားရပါလိမ့်မယ်။

Eye contact မရှိခြင်း

မိမိကို အင်တာဗျူးမေးမြန်းသူနဲ့ eye contact လုပ်တာဟာ သူတို့ မိမိအပေါ်စိတ်ချယုံကြည်မှု ထူထောင်ရန်အတွက် အရေးကြီးတဲ့အရာပါ။ မမှားသင့်တဲ့ အမှားတွေထဲက တစ်ခုဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ရိုးသားမှု မရှိခြင်းပဲဖြစ်ပါတယ်။ ဒီ့အတွက် မှန်ထဲ ကိုယ့်မျက်လုံးကိုယ် ပြန်ကြည့်ပြီး လေ့ကျင့်တာ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။

ဘာမှရေရေရာရာ မသိနားမလည်ခြင်း

ကြိုတင်ပြင်ဆင်မှု ညံ့ဖျင်းခြင်းက အပျက်သဘောဆောင်တဲ့ ယူဆချက်တွေ ဖြစ်စေနိုင်ပါတယ်။ မိမိအင်တာဗျူးဖြေဆိုမယ့် ကုမ္ပဏီအကြောင်း အသေးစိတ်ထားသိဖို့ လိုအပ်ပါတယ်။ ဒီ့ပြင် ယင်းကုမ္ပဏီအကြောင်းနဲ့ သူ့ရဲ့ပေါ်လစီအကြောင်း ထပ်မံမေးမြန်းတာဟာလည်း ကုမ္ပဏီနဲ့ အလုပ်ကို စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြနိုင်ပါတယ်။

ယခင်လုပ်ဖော်ကိုင်ဖက်များနဲ့ အလုပ်ပေါ် မကောင်းပြောဆိုခြင်း

ဒီအပြုအမူက ကုမ္ပဏီကို နာမည်မပျက်စေဘဲ သင့်ကိုသာ သိက္ခာကျစေတာပါ။ ဒီလိုကိစ္စတွေမှာ သံတမန်ဆန်ဆန်နေထိုင်ပြုမှုခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

စိတ်မပါသလို နေခြင်း

အင်တာဗျူးမေးမြန်းသူကို အလေးထားခြင်းက အရေးကြီးပါတယ်။ အလုပ်ရှင်တွေအနေနဲ့ အလုပ်လျှောက်သူတွေကို ဒီချက်ပေါ် အခြေခံပြီး အကဲဖြတ်ကြတာပါ။ နားထောင်တတ်သူ တစ်ဦးဖြစ်ခြင်းက အမြဲတမ်း အထောက်အကူ ဖြစ်စေပါတယ်။

မရေမရာဖြစ်ခြင်း

မသေမချာ၊ မရေမရာ တုံ့ပြန်ဖြေဆိုမှုများက အတော်ဆိုးပါတယ်။ တိကျသေချာမှုရှိပြီး သာဓကတွေနဲ့ အတည်ပြုပြောဆိုခြင်းက အင်တာဗျူးကို အဆုံးသတ်စေပြီး အလုပ်ရှင်ရဲ့ယုံကြည်မှုစိတ်ချမှု ရစေပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top