iMyanmarHouse.com - Best Property Website for Myanmar
×

လိပ်ခေါင်းရောဂါဟာ ရှက်စရာ မဟုတ်ပါ၊ အမြန်ကု၊ အမြန်ရှင်းပါမှ နာကျင်မှုကို ကြာရှည် မခံစားရပဲ သက်သာပျောက်ကင်းမယ့် ရောဂါမျိုးပါ။

(၁) လိပ်ခေါင်းကနေ သွေးထွက်ရင်၊ သွေးထွက်များတာကြောင့် အားနည်းလာရင် သွေးအားကောင်းဆေးတွေ သောက်ပါ။ သံဓာတ်ဆေးတွေက ဝမ်းချုပ်တတ်တာကြောင့် ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်တို့ကို ရှောင်ပါ။

(၂) ငရုပ်သီးနဲ့ ဝမ်းချုပ်စားများကို ရှောင်ပါ။

(၃) သခွါးသီး၊ ပဲသီး၊ ရုံးပတီးသီး၊ မုံလာဥ ဖြူ ၊နီ၊စိမ်း၊ အာလူး၊ပြောင်းဖူး ခရမ်းချဉ်သီး၊ပဲအမျိုးမျိုး၊ သဘောင်္သီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီးတို့ကို စားသုံးပါ။

(၄) ဝမ်းချုပ်တဲ့အခါ ပြင်းတဲ့ ဝမ်းနှုတ်ဆေးအစား ခပ်ပျော့ပျော့ကို သောက်ပါ။

(၅) ဝမ်းသွားတဲ့အခါ နာတာဖြစ်ရင် ဆေးတောင့် (သို့) ခရင်မ်ကို ဝမ်းမသွားခင် ထည့်သုံးနိုင်ပါတယ်။

(၆) လိပ်ခေါင်းမှာ သွေးပြန်ကြောပိတ်လို့ ရုတ်တရက် နာကျင်မှုများလာရင် သွေးကြောပိတ်နေတာကို စိုးရိမ်စရာမလိုပဲ ခွဲလိုက်လို့ရပါတယ်။

(၇) ရောဂါ နာကျင်ချိန် အိပ်ယာပေါ် လေးဘက်ထောက် နေရင် စအိုကို ဖိအား မသက်ရောက်တာမို့ သက်သာပါတယ်။

(၈) လိပ်ခေါင်း ထွက်လာရင်လည်း ပြန်သွင်းလို့ ရပါတယ်။ မိမိလက်နဲ့ ပြန်သွင်းနိုင်ပေမယ့် အမှုမဲ့ အမှတ်မဲ့နေမိလို့ လိပ်ခေါင်း ရောင်လာပြီး ပြန်သွင်းရ ခက်တတ်ပါတယ်။ အဲဒီအခါ ဆားခါးမှုန့်ကို အဆီ (ပါရာဖင်ဆီ) ဆွတ်ထားတဲ့ သန့်ရှင်းနူးညံ့တဲ့ အဝတ်စနှင့် လိပ်ခေါင်းပေါ် ကပ်ထားပေးရင် အရောင်ကျပြီး ပြန်သွင်းလို့ ရနိုင်ပါတယ်။ ရေခဲ ကပ်ပါ။ ရေနွေးထဲမှာ (၁၀) မိနစ်ကြာထိုင်ပါ။

(၉) ဆောင့်ကြောင့်ထိုင်ခြင်းနဲ့ ဆောင့်ကြောင့်ထိုင် အိမ်သာများကို ရှောင်ပါ။ အစိုးရိမ် မကြီးပါနဲ့။ ခန္ဓာကိုယ် အဝမလွန်ပါစေနဲ့၊ အလေးမတာနဲ့ အထိုင်အထ လုပ်တာတို့ကို ထိန်းလုပ်ပါ။

Credit : ဒေါက်တာ တင့်ဆွေ

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Unicode Version

အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top