iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့် ကို ကိုယ် ပညာပေးပါ။
နေ့တိုင်း အသိပညာ တိုးပွားအောင် အခွင့်အရေးဖန်တီးပါ။

-ရေများများ သောက်ပါ။
လူလတ်ပိုင်း အရွယ် တစ်ယောက်အနေနဲ့ တစ်နေ့ကို ရေ ၂-၃ လီတာ သောက်ပေးသင့်ပါတယ်။ရေက ကိုယ်ခန္ဓာ ကို မှန်ကန်သော အပူချိန်မှာ ထိန်းထားပေးနိုင်သလို ကိုယ်တွင်း အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ရေများများ သောက်ပေးခြင်းခြင့် ခန္ဓာကိုယ် သန့်စင်ပြီး ပိုမို ကျန်းမာ စေပါတယ်။

-စိတ်ဖိစီးမခံပါနဲ့။
စိတ်ကိုတည်ငြိမ်အောင်ထားပြီး စိတ်အပြောင်းအလဲဖြစ်အောင် အရင်က မလုပ်ဖူးတဲ့ အရာတွေကို ပြုလုပ်ပေးပါ။

-အနားယူပါ။
သင်၏ခန္ဓာကိုယ်က အနားယူရန်တောင်းဆိုသော အခါ အနားယူပေးပါ။ခန္ဓာကိုယ် က သက်ရှိ ပြီး ခံစားသိရှိနိုင်တဲ့ အစိတ်အပိုင်းတွေ ပေါင်းစည်းထားသောကြောင့် ပင်ပန်းမှုကို ဂရုစိုက်ပေးရမှာပါ။

-အသီး အရွက် များများ စားသုံးပေးပါ။
ထိုသို့ စားသုံးပေးခြင်းဖြင့် မလိုအပ်သော Calories များကိုလျှော့ချပေးပြီး ခန္ဓာကိုယ် ကျန်းမာ မှုကို ထောက်ပံ့ပေးသော Vitamins နှင့် Minerals ဓါတ်များကို တိုးပွားစေပါတယ်။

-တစ်ကိုယ်ရည် သန့်ရှင်းမှုကို အလေးထားပါ။
လက်ကို မကြာခဏ ဆေးပေးပါ။အထူးသဖြင့် သန့်စင်ခန်း မှ ထွက်လာသောအခါ မမေ့မလျော့ လက်ကို ဆေးကြောပေးပါ။

-ကျေးဇူး တင်ပါ။
မနက်စောစော အိပ်ယာထချိန်နှင့် ည အိပ်ယာ မဝင်မီ တစ်နေ့တာကြုံတွေ့ ခဲ့ရတာတွေ အတွက် ကျေးဇူးတင်ပါ။ထိုသို့ ပြုလုပ်ပေးခြင်းအားဖြင့် သင်၏ စိတ်ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပေးမှာပါ။

Credit : Ayesay

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top