iMyanmarHouse.com - Best Property Website for Myanmar
×

စက္ကန့်ပိုင်းအတွင်း ညီညာပြန့်ပြူးတဲ့ အရောင်အသွေးရရှိစေတဲ့ စပရေးဖျန်းလက်သည်းဆိုးဆေးဗူးကို အများစု ရွေးချယ်အသုံးပြုနေကြပါပြီ်။

ကမ္ဘာ့အမြန်ဆုံး လက်သည်းဆိုးနည်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဒီလက်သည်းဆိုးနည်းဟာ ပေပေကျံကျံဖြစ်လို့နေပေမယ့် ပါတီပွဲ မတိုင်ခင်လေးမှာ ပုလင်းနဲ့ စုတ်တံတွေနဲ့ ရှုပ်ထွေးလုံးပမ်းနေမယ့်အစား သက်သာစေမယ့် အရာဖြစ်ပါတယ်။ ဒါက လက်သည်းဆိုးနည်းပုံစံပြောင်းလဲဖို့ ရည်ရွယ်ထားပါတယ်။

ဒါ ဘယ်လိုစဖြစ်လာလဲ              

Nail Inc မှ အဆိုပါ စပရေး လက်သည်းဆိုးဆေးကို ငွေရောင်နဲ့ ပန်းရောင်ဆိုပြီး အရောင်နှစ်မျိုးနဲ့ UK မှာ မကြာသေးမီက စတင်ပြန့်ဖြူးကာ အဲဒီအချိန်ကစလို့ လက်သည်းဆိုးဆေး ဝါသနာအိုးများကြား ရုတ်ရုတ်သဲသဲဖြစ် လာခဲ့ပါတယ်။ ဒါကြောင့်မို့ အကုန်ရောင်းထုတ်လို့နီးပါးဖြစ်သွားခဲ့ပါတယ်။ အခြားလက်သည်းဆိုးဆေးများကဲ့သို့ ၃ရက်မှ ၄ရက်ထိ ခံပါတယ်။

ဘယ်လိုလုပ်ထားလဲ

ဒီ စပရေးဖျန်းလက်သည်းဆိုးဆေး မြဲမြံအောင်လို့ အောက်ခံအလွှာ တစ်ခုခံထားရပါမယ်။ ပြီးမှ လက်သည်းဆိုးဆေးကို တစ်ချက်တည်းအမြန် ဖျန်းပေးရမှာပါ။ ဟုတ်ပြီ။ မိမိ လက်တစ်ခြမ်းလောက်က ဆေးတွေနဲ့ ပေကျံနေပါလိမ့်မယ်။ သို့သော် ခဏစောင့်ပါ။ လက်သည်းဆိုးဆေးပေါ်ကို ကာဆီးပေးမယ့် အပေါ် ဆုံးအလွှာ ထပ်တင်ပေးရပါမယ်။ အခုချိန်မှာ အရေပြားပေါ်တင်ကျန်ပေကျံနေတဲ့ အရောက်ကိုချွတ်ချဖို့ လက်ကို ဆပ်ပြာရည်နွေးနွေးလေးနဲ့ ပွတ်ပေးပါ။ အဲဒီနောက် ချောမွတ်တောက်ပြောင်တဲ့ လက်သည်းများရရှိလာပါပြီ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top