iMyanmarHouse.com - Best Property Website for Myanmar
×

သင့်အနေနဲ့ လေတွေဘာတွေခံတတ်တဲ့သူဆိုရင် လေထတဲ့အစားအသောက်တွေစားပြီး ဗိုက်ကယ်တတ်သူဆိုပါက ဒီနည်းလေးတွေကသင့်ရဲ့ဗိုက်ကယ်နေတဲ့ပြဿနာကိုဖြေရှင်းပေးပါလိမ့်မယ်၊

(၁)ဗိုက်ကယ်စေတဲ့အစားအစာတွေကိုလျှော့စားပါ
ပဲအမျိုးမျိုး၊ ကြက်သွန်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ ပန်းဂေါ်ဖီ တို့က လေထတ်တဲ့အစားအသောက်တွေဖြစ်လို့အတတ်နိုင်ဆုံးလျှော့စားပါ၊ အဲ့ဒါတွေအစား ပန်းသီး၊ သစ်တော်သီး၊ ဖရဲသီးတွေကိုစားပေးခြင်းကြောင့် သင့်ခန္ဓာကိုယ်ထဲက သကြားဓာတ်ကိုမြှင့်တင်နိုင်ပြီး အမျှင်ဓာတ်တွေလည်းရရှိစေပါတယ်၊

(၂) ငှက်ပျောသီး၊ ကီဝီသီး နဲ့ စတော်ဘယ်ရီတွေစားပေးပါ၊
ဒီအသီးတွေက မြင့်မားတဲ့ပိုတက်ဆီယမ် ပါဝင်လို့ သင့်ကိုဆီးရွှင်စေပြီး ဆီးထဲမှာ ဆားဓာတ်ပိုမိုများပြားစေတာကြောင့် သေးငယ်တဲ့အူလမ်းကြောင်းအတွင်းမှာ
 ရေဓာတ်ကိုပိုမိုထိန်းထားစေနိုင်ပါတယ်၊

(၃) ပီကေမစားပါနဲ့
ပီကေတွေမှာ Xylitol, Sorbitol (သို့) Mannitol တွေပါဝင်ပြီး အဲ့ဒါတွေကသင့်ကို ဗိုက်ကယ်စေတဲ့ လေတွေထွက်စေတာပါ၊

(၄) နို့ထွက်ပစ္စည်းတွေစားသုံးခြင်းလျှော့ချပစ်ပါ
နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ်၊ ချိစ်၊ ဆန်နို့စတဲ့ပစ္စည်းတွေဟာ ဗိုက်ကယ်တတ်တဲ့ လူတွေအဖို့တော့ ရှောင်နိုင်ရင်ပိုအဆင်ပြေမယ့် အရာတွေပါ၊

(၅) ဖြေလျော့ထားပါ၊
စိတ်ဖိစီးမှုတွေဟာ သင့်ရဲ့ အစာခြေစနစ်မှာ လေနဲ့ ဖောင်းပွမှုတွေဖြစ်ပေါ်စေနိုင်တဲ့ Cortisol, Adrenaline တို့ကိုထုတ်လွှတ်တာကြောင့် စိတ်ဖိစီးမှုတွေကိုတတ်နိုင်သမျှကင်းအောင်နေပါ၊ ယောဂကျင့်ခြင်းနဲ့ တရားထိုင်ခြင်းတွေဟာ သင့်ကိုစိတ်ဖိစီးမှုကနေလျှော့ချပေးနိုင်ပါတယ်၊

(၆) ခန္ဓာကိုယ်အလယ်ပိုင်းအတွက်လေ့ကျင့်ခန်းများများလုပ်ပေးပါ
မူမမှန်တဲ့ ခန္ဓာကိုယ်ထဲက လေတွေကို ၀မ်းဗိုက်နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေ (အိပ်ထမတင်၊ ဒိုက်ထိုး စသည်) ကိုပြုလုပ်ပေးခြင်းဖြင့်တွန်းထုတ်ပစ်နိုင်ပါတယ်၊

(၇) အစာစားနေစဉ်စကားမပြောပါနဲ့
ဒါကတော့ရှင်းပါတယ်၊ စကားပြောရင်လေတွေကိုမျိုချနေသလိုဖြစ်တာကြောင့် မပြောတာအကောင်းဆုံးပါ၊

(၈) အသီးအရွက်တွေစားပေးပါ
အသီးအရွက်တွေမှာ အစားခြေအင်ဇိုင်းတွေပါဝင်တာကြောင့် လေကယ်တာကိုမဖြစ်စေပါဘူး၊

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top