iMyanmarHouse.com - Best Property Website for Myanmar
×

 ဗြိတိန်အဆို တော်အဒဲလ်၏ အမေရိကန်နိုင်ငံ ဖျော်ဖြေရေးအတွက် ထိုင်ခုံနေရာ ခုနစ်သိန်းခွဲသာရှိသော်လည်း ယင်းဖျော်ဖြေပွဲလက်မှတ်များကို ပရိသတ် ၁၀ သန်းခန့်က ဝယ်ယူ ရန်ကြိုးစားခဲ့ကြသည်။

လာမည့်နှစ် ဇူလိုင်လတွင် အမေရိကန်နိုင်ငံသို့ ဖျော်ဖြေရေး ခရီးစဉ်စတင်မည်ဟု အဒဲလ်ကကြေညာခဲ့ပြီးနောက် လေးရက် အကြာ၌ ယင်းဖျော်ဖြေပွဲလက် မှတ်များရောင်းချခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၇ ရက်တွင် ရောင်းချသော ဖျော်ဖြေပွဲလက်မှတ်များ သည် အချိန်တိုအတွင်း ရောင်း ကုန်သွားသည်။

အဒဲလ်၏ အမေရိကန် ဖျော် ဖြေရေးခရီးစဉ်တစ်ခုလုံးအတွက် လက်မှတ် ခုနစ်သိန်းခွဲသာရရှိနိုင် သော်လည်း ပရိသတ် ၁၀ သန်း ခန့်သည် အဒဲလ်ဖျော်ဖြေပွဲများ တွင် ကြည့်ရှုခွင့်ရရှိရန် လက်မှတ်ရောင်းချသည့် Ticketmaster ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ခဲ့ကြ သည်။

လာမည့် သြဂုတ်လတွင် နယူးယောက်မြို့ Madison Square Garden ၌ ပြုလုပ်မည့် အဒဲလ်၏ ဖျော်ဖြေပွဲခြောက်ပွဲ အတွက်ရရှိနိုင်သော လက်မှတ် စောင်ရေ ၁၂၀,၀၀၀ ကို ပရိသတ် လေးသန်းက ဝယ်ယူနိုင်ရန် ကြိုး ပမ်းခဲ့ကြသည်။

အဆိုတော်အဒဲလ်၏ ဖျော် ဖြေပွဲလက်မှတ်များကို ဝယ်ယူရန် ကြိုးစားသောပရိသတ်ဦးရေစံချိန်တင်များပြားပြီး ယင်းသို့ဝယ်ယူ ရန် ကြိုးပမ်းမှုစံချိန်တင်များပြားနေချိန်တွင် လက်မှတ်ရောင်း ဝက်ဘ်ဆိုက်ကို ထိန်းသိမ်းခဲ့သည့် ဝန်ထမ်းများအား ကျေးဇူးတင်ကြောင်း Ticketmaster NorthAmerica ဥက္ကဋ္ဌဂျားဒ်စမစ်က ပြောသည်။

အဒဲလ်၏ တေးအယ်လ် ဘမ်သစ် 25 သည် စတင်ထွက်ရှိ ပြီး သီတင်းလေးပတ်အကြာတွင် အမေရိကန်နိုင်ငံ၌ အယ်လ်ဘမ် ချပ်ရေ ၅ ဒသမ ၉၈ သန်းရောင်း ကုန်ခဲ့သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top