iMyanmarHouse.com - Best Property Website for Myanmar
×

ယခုခေတ်မှာ လူတိုင်းလိုလို ဖရုဿဝါစာစကားလုံးတွေကို သုံးနေကြပါပြီ။ တစ်ချို့ ကတော့ သာမန်လူတွေထက်ကို ရုန့် ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ ပိုသုံးတတ်ကြပါတယ်။ စကားပြောယဉ်ကျေးပါ တယ်ဆိုတဲ့လူတောင် တစ်ခါတစ်လေ အမှတ်တမဲ့နဲ့ ဆဲတဲ့ စကားလုံးတွေ ထွက်လာတတ်ပါတယ်။ Elite Daily သတင်းစာကဖော်ပြခဲ့တဲ့ ဆောင်းပါးအရ ဆဲဆိုတတ်တဲ့လူတွေဟာ အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာလို့ များပါလိမ့် -

၁။ သူတို့ က ဝေ့လည်ကြောင်ပတ်မပြောတတ်ဘူး

ခင်ဗျားမကြိုက်တဲ့စကားကို သူတို့ ပြောဖို့ လိုလာပြီဆိုရင်တော့ ဝေ့လည်ကြောင်ပတ် မပြောတတ်ဘဲ အရောင်စုံ အဆဲလေးတွေနဲ့ လှလှပပ ဆဲဆိုပြီး ပြောတတ်ပါတယ်။

၂။ ဟန်မဆောင်တတ်တဲ့လူတွေလည်း ဖြစ်တယ်

မိုးမွှန်နေအောင်ဆဲနေတာဟာ ပုံဖမ်းသရုပ်ဆောင်ပြနေတာမဟုတ်ဘူး။ ဒါဟာ သူတို့ ရဲ့ ပင်ကိုယ်ပုံစံပဲ။ ကိုယ့်ရဲ့ တကယ့်စရိုက်အစစ်အမှန်ကို ဖုံးကွယ်ထားဖို့ မကြိုးစားတတ်တဲ့လူတွေပေါ့။

၃။ သူတို့ ဟာ လက်သီးပုန်းပြတတ်သူတွေမဟုတ်ဘူး

ခင်ဗျားနောက်ကွယ်မှာ ခင်ဗျားကိုမကောင်းပြောနေတတ်သူတွေမဟုတ်ဘူး။ သူတို့ စိတ်ထဲရှိတာကိုပဲ လုပ်ချ၊ ပြောချတတ်သူတွေ ဖြစ်တယ်။

၎။ သိပ်ပြီး ၀ါဒီမများသူတွေပေါ့။

လခွမ်းထဲမှ၊ သောက်ရေးမပါတာ။ ချီးတဲ့မှ။ ဒါတွေအားလုံးဟာ ပျော်စရာကောင်းတဲ့စကားလုံးလေးတွေပါ။ ဒါတွေကို သင့် ပါးစပ်က ထုတ်ပြောလိုက်တဲ့အချိန်မှာ သင်ခံစားနေရတဲ့ မကောင်းတဲ့အရာတွေ၊ အနုတ်သဘောဆောင်တဲ့ ခံစားမှုတွေ တော်တော်များများ လောင်ကျွမ်းပျောက်ကွယ်သွားပါတယ်။

၅။ ခင်ဗျားတို့ ဘက်ကတောင် ရှေ့ နေလိုက်ပေးမယ့်လူမျိုးတွေပေါ့။

ဖရုဿဝါစာဆဲဆိုတတ်တဲ့လူတွေဟာ သူနဲ့ ခင်မင်ရင်းနှီးသူတွေအပါအ၀င် သူကိုယ်တိုင်အတွက် မားမား မတ်မတ်ရပ်တည်ပေးဖို့ တစ်ချက်ကလေးမှ မနှောင့်နှေးတတ်တဲ့လူတွေပါ။ တစ်ယောက်ယောက်နဲ့  ရင်ဆိုင် ထိပ်တိုက်တွေ့ ရမှာလည်း ရှောင်ရှားတတ်တဲ့လူတွေမဟုတ်ဘူး။

၆။ သူတို့ တွေက အသေရယ်ရတတ်တယ်

စကားပြောရင် ဆဲတာလေးထည့်လိုက်တာကိုက တစ်ခါတစ်လေ ရယ်ဖို့ ကောင်းတတ်ပါတယ်။ ဖရုသ၀ါစာ စကားလုံးတွေဆိုတာ ပင်ကိုယ် ကိုက ရယ်ရပြီးသားလေ။ အဲဒီ စကားလုံးတွေ စီကာပတ်ကုံး၊ တသီတသန်း ကြီး ပြောပစ်လိုက်ရင် ပိုတောင်ရယ်ရဖို့ ကောင်းသေး။

၇။ အဆဲသမားတွေနဲ့ ပေါင်းရတာ ငြီးငွေ့ တယ်၊ပျင်းတယ်လို့ ကိုမရှိဘူး။

အဆဲသမားတွေဟာ စိတ်ပိုင်းဆိုင်ရာခံစားမှုလည်းပြင်းထန်သလို၊ တီထွင်ဖန်တီးနိုင်စွမ်းလည်း ကောင်းတယ်။ ပြီးတော့ တကယ်ဂေါ်တဲ့လူတွေပေါ့။ ဒီလို ဘော်ဒါမျိုး ဘယ်သူက မလိုချင်ဘဲနေမလဲဗျာ။ မလိုချင်တဲ့လူ ဘယ်သူလဲသိလား။ အရူးတွေပဲ ဖြစ်မှာပေါ့။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top