iMyanmarHouse.com - Best Property Website for Myanmar
×

ကင်ဆာရောဂါဖြစ်ပြီဆိုတာနဲ့ ကုသဖို့မဖြစ်နိုင်တော့တဲ့ အခြေ အနေမျိုးတွေမှာ သိရှိတာမျိုးတွေ များ လာတာကြောင့်  ခန္ဓာကိုယ် က သတိပေးတတ်တဲ့ ကင်ဆာ လက္ခဏာတွေကို သတိထားမိနိုင် ဖို့ မျှဝေပေးချင်ပါတယ်။ ကင်ဆာ ဟာ အမျိုးသား၊ အမျိုးသမီးမရွေး ဖြစ်တတ်ပေမယ့် ဒီတစ်ခါတော့ အမျိုးသမီးတွေအတွက် ဖော်ပြ ပေးလိုက်ပါတယ်။

အမျိုးသမီးတွေအတွက် ရင် သားကင်ဆာဆိုတာ ကြောက် စရာကောင်းတဲ့ ရောဂါတစ်ခုဖြစ် တာကြောင့် ခန္ဓာကိုယ်ရဲ့ ပြောင်း လဲမှုတွေကို သတိထားကြည့်ဖို့ လို အပ်လာပါပြီ။ ရင်သားအရွယ်အ စား ပြောင်းလဲတာပဲ ဖြစ်ဖြစ်၊ ရင် သားအရေပြား တွန့်ရှုံ့လာတာပဲ ဖြစ်ဖြစ်၊ အစက်အပြောက်၊ အ ကျိတ်အဖုတွေ စမ်းမိတာပဲဖြစ် ဖြစ် ထူးခြားတာတွေ့ပြီဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုပါ တယ်။

နောက်တစ်ခုက ပုံမှန် မဟုတ်ဘဲ မိန်းမကိုယ်က သွေး ဆင်းတာမျိုးတွေဆိုရင်လည်း သတိထားရမှာ ဖြစ်သလို ဗိုက်ကြီးတင်းပြီး အောင့်တာမျိုးဆိုရင်လည်း အကြောင်းရင်းသိ အောင်လုပ်ဖို့ လိုပါတယ်။ သုံး ပတ်ထက်ပိုပြီး ဆက်တိုက် ဒီလိုအခြေအနေဖြစ် နေရင်တော့ သားအိမ်ကင်ဆာနဲ့ ဆက်စပ်နိုင်တာ ကြောင့် သတိထားဖို့ လိုပါတယ်။

နောက်တစ်ခုက ရာသီလာ စဉ်မှာ ဗိုက်နာ၊ ဗိုက်အောင့်တာ၊ အစာမကြေလို့ ဗိုက်ကြီးကယ်နေ တာမျိုးတွေဟာ တစ်ခါတစ်ရံ ဖြစ် လေ့ရှိပေမယ့် ရာသီချိန်မဟုတ်ဘဲ သွေးဆင်းလာတာ၊ တင်ပါးဆုံရိုး တွေ နာကျင်တာမျိုးတွေ ဖြစ်လာ ရင်လည်း ဂရုစိုက်သင့်ပါတယ်။ မိန်းမကိုယ်  နာကျင်ယားယံတာ မျိုးဖြစ်တာဟာ    တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းလို့၊ ဒါမှမဟုတ် သိပ်တင်းကျပ်လွန်းတဲ့ အတွင်းခံ တွေ ၀တ်လို့ကြောင့်လည်း ဖြစ် နိုင်သလို တချို့အခြေအနေတွေ မှာဆိုရင် ကင်ဆာရောဂါရဲ့ လက္ခဏာလို့လည်း ဆိုနိုင်တာ ကြောင့် ပေါ့ပေါ့ဆဆ မနေဖို့ လို အပ်ပါတယ်။

လူတိုင်းလိုလို ဖြစ်လေ့ရှိတဲ့ ခံတွင်းပျက်တာမျိုးက အန္တရာယ် မရှိဘူးလို့ ဆိုနိုင်ပေမယ့် ကင်ဆာ ရောဂါကြောင့် ဇီဝဖြစ်စဉ် ကောင်းကောင်း အလုပ်မလုပ်လို့လည်း ခံတွင်းပျက်နိုင်တဲ့အတွက် သတိပြုရမှာပါ။

သွေးအားနည်းရောဂါနဲ့ သွေးနီဥနည်းတဲ့ အခြေအနေက လည်း ကင်ဆာရောဂါနဲ့ ဆက်စပ် သွားနိုင်တာကြောင့် မြန်မြန်စစ် ဆေးကုသခံဖို့ လိုပါတယ်။ နောက်ပြီး အ၀လွန်တာကလည်း သားအိမ်ကင်ဆာဖြစ်ဖို့ အဓိက လက္ခဏာတစ်ခုပါပဲ။ မကြာခဏ ဆီးသွားပြီး နာကျင်တာတွေ ဖြစ် တာက ဆီးလမ်းကြောင်း   (ဒါမှ မဟုတ်)   ဆီးအိမ်မှာ ပိုးဝင်တာ ကြောင့် ဖြစ်နိုင်တဲ့အပြင် ကင်ဆာ ရောဂါလက္ခဏာလည်း ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသဖို့ လို အပ်ပါတယ်။  

Credit :7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top