iMyanmarHouse.com - Best Property Website for Myanmar
×

သွေးတိုးရောဂါက နှလုံးရောဂါ၊ လေဖြတ်ခြင်း စသည်ကို ဖြစ်ပေါ် စေ နိုင်တဲ့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်ပါတယ်။ သွေးပေါင်ချိန် ၁၄၀/၉၀ နှင့် အထက်ရှိတဲ့ အခါ သွေးပေါင်ချိန် အလွန် မြင့်တက် နေပြီ ဖြစ်ကြောင်း သတိထားရပါမယ်။ သွေးတိုး ရောဂါဟာ အရက် အလွန်အကျွံ သောက်သုံးခြင်း၊ ဆားစားသုံးမှုလွန်ကဲခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ စိတ်ဖိစီး မှု၊ သန္ဓေတားဆေးများ မှီဝဲခြင်း၊ ကျောက်ကပ်ရောဂါ စသည်တို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။  သွေးတိုးရောဂါကို ဆေးဝါးမှီဝဲစရာ မလိုအပ်ဘဲ သဘာဝ နည်းလမ်းတွေနဲ့ ပျောက်ကင်း သက်သာအောင် ကုသ နိုင်ပါတယ်။

၁။ ရှောက်သီး- ရှောက်သီးတွေဟာ သွေးကြောတွေကို ပြေလျော့စေပြီး သွေးပေါင်ချိန် မြင့်မားနေမှုကို လျှော့ချပါတယ်။ ဒါ့အပြင် ရှောက်သီးမှာ ပါဝင်တဲ့ vitamin-C ဓာတ်ကြောင့် ရှောက်ရည် နေ့စဉ် သောက်ပေးလျှင် နှလုံးရောဂါ ဖြစ်ပွားမှုကို လျှော့ချနိုင်ပါတယ်။ သွေးတိုးပျောက်ဖို့ အတွက် မနက်ခင်းတိုင်း အစာ မစားရသေးခင်မှာ ရှောက်သီး တစ်ဝက်ကို ရေနွေးထဲ ညှစ်ထည့်ပြီး သောက်သုံးပါ။ ပိုထိရောက်မှု ရှိစေရန် ဆား၊ သကြား မထည့်ပါနှင့်။

၂။ ဖရဲစေ့- ဖရဲစေ့မှာ သွေးကြောမျှင်တွေကို ကျယ်စေတဲ့ cucurbocitrin  လို့ ခေါ်တဲ့ ဓာတ်တစ်မျိုး ပါဝင် ပါတယ်။ တစ်ချိန်တည်းမှာပဲ ၎င်းက ကျောက်ကပ်ကို ကောင်းမွန်စေပြီး သွေးတိုး ကျစေပါတယ်။ နည်းလမ်းကတော့ အခြောက်ခံပြီး ကြိတ်ချေထားတဲ့ ဖရဲသီးစေ့များကို ခွက်တစ်ခွက်ထဲ  ထည့်ပြုတ်ပါ။ တစ်နာရီခန့်ကြာ စိမ်ထားပြီး စစ်ချပါ။ ကျန်သော အရည်များကို ပုံမှန်လေး ဇွန်းစီ မကြာခဏ သောက်ပါ။

၃။ ကြက်သွန်ဖြူ- ကြက်သွန်ဖြူက သွေးတိုး ကျစေနိုင်ကြောင်း သုတေသန ပြုပြီး ဖြစ်ပါတယ်။ ကြက်သွန်ဖြူ အစိမ်းရော အကျက်ပါ သွေးပေါင်ကျ စေနိုင်ရုံ သာမက ကိုလက်စထရောကိုပါ ကျစေပါတယ်။ တစ်နေ့လျှင် ကြက်သွန်ဖြူ တစ်မွှာ နှစ်မွှာကို ချေပြီး စားပါ။ ကြက်သွန်ဖြူ အစိမ်းစားရတာ မကြိုက်လျှင် နွားနို့ တစ်ခွက်နှင့် တွဲစား နိုင်ပါတယ်။ နောက်တစ်နည်းကတော့ ကြက်သွန်ဖြူ အရည် ငါးစက် ခြောက်စက်ကို ရေ လက်ဖက်ရည်ဇွန်းလေး ဇွန်းနှင့် ရောပြီး တစ်နေ့ နှစ်ကြိမ် သောက်ပါ။

၎။ငှက်ပျောသီး- ငှက်ပျောသီးတွေဟာ သွေးခဏခဏ တိုးတတ်တဲ့ သူတွေ အတွက် အသင့်တော်ဆုံး သစ်သီးပါ။ ငှက်ပျောသီးမှာ ပါဝင်တဲ့ potassium ဓာတ်က sodium ဓာတ်ကို ချေဖျက်နိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့လျှင် ငှက်ပျောသီး တစ်လုံးမှ နှစ်လုံး စားပေးပါ။

၅။တရုတ်နံနံ- ၎င်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေရုံသာမက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို လျှော့ချပါတယ်။ နေ့စဉ် တရုတ်နံနံ တစ်ပင်ကို ရေတစ်ဖန်ခွက်နဲ့ အတူ သောက်ပါ။ တရုတ်နံနံကြိုက်တဲ့သူ ဆိုရင်တော့ မကြာခဏ စားပေးနိုင်ပါတယ်။

၆။အုန်းရည်- သွေးတိုးတတ်တဲ့သူတွေ အနေနဲ့ ရေဓာတ် ပြည့်ဝ နေဖို့ ထိန်းသိမ်းသင့်ပါတယ်။ ဒါကြောင့် တစ်နေ့လျှင် ရေ(၈-၁၀)ဖန်ခွက် သောက်သင့်ပါ တယ်။ ရေလိုပဲ အုန်းရည်က သွေးတိုး ကျစေ နိုင်ပါတယ်။ အုန်းရည်ကို သောက်သုံးရုံ သာမက အုန်းဆီကိုလည်း ချက်ပြုတ်တဲ့ အခါမှာ ထည့်သုံးပါ။

၇။ကြက်သွန်နီ- ကြက်သွန်နီကို သွေးတိုး ကျတယ်လို့ လေ့လာ တွေ့ရှိပြီး ဖြစ်ပါတယ်။ တစ်နေ့ကို ကြက်သွန်နီ တစ်လုံးကို အစိမ်းစားပါ။ နောက်တစ်နည်းကတော့ ကြက်သွန်နီရည် လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို ပျားရည်နှင့် ရောပြီး တစ်နေ့ နှစ်ကြိမ် သောက်ပါ။

၈။ပျားရည်- ပျားရည်ဟာ နှလုံးသွေးကြောများရဲ့ ဖိအားကို လျော့ကျ စေပါ တယ်။ မနက်စောစော အစာ မစားမီ ပျားရည် နှစ်ဇွန်းစားပါ။ အခြားနည်းကတော့ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ချင်းရည်နှစ်ဇွန်း၊ ဇီရာမှုန့်များ ရောစပ်ပြီး တစ်နေ့ နှစ်ကြိမ် စားသုံးပါ။

Credit : Messenger

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top