iMyanmarHouse.com - Best Property Website for Myanmar
×

သွားကိုက်ခြင်းက မိမိတစ်နေ့တာကို ပျက်စီးစေသလို အေးချမ်းစွာ အိပ်စက်ခြင်းကိုလည်း ဆုံးရှုံးစေပါလိမ့်မယ်။ ခံတွင်းမှာ မလိုလားအပ်တဲ့ စပ်ဖျဉ်းဖျဉ်းဝေဒနာက မခံမရပ်နိုင်စရာ နာကျင်မှုကို ဖန်တီးဖြစ်ပေါ်စေပါတယ်။ သွားကိုက်ခြင်းက သွားပိုးစားခြင်း၊ ပြည်တည်နာ သို့မဟုတ် သွားအက်ခြင်း၊ သွားဖုံးရောင်၊ အံကြိတ်ခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ကိုက်ခဲမှုပြင်းပြင်းနဲ့ ကိုက်ခဲပုံကိုက်ခဲနည်းတို့ ကွဲပြားနိုင်ပါတယ်။

သွားကိုက်ဝေဒနာ စတင်ခံစားလာပြီးရင် သွားဆရာဝန်ဆီ မဖြစ်မနေပြဖို့ လိုပါတယ်။ စောနိုင်လေ၊ ကောင်းလေ ဖြစ်ပါတယ်။ ဒါပေမယ့် သွားဆရာဝန်နဲ့ ချက်ချင်းပြဖို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အောက်ပါထိရောက်သောနည်းတွေ အသုံးပြုနိုင်ပါတယ်။ သွားကိုက်ဝေဒနာကို ၇ မိနစ်အတွင်း ဖြေရှင်းပေးပါလိမ့်မယ်။

ဒီနည်းအတွက် ရေခဲတုံးတစ်တုံးသာ လိုအပ်ပါတယ်။ အဲဒီရေခဲတုံးကို လက်မနဲ့ လက်ညှိုးကြား ထားပြီး လက်ဖဝါးဖက်ကနေ ၅မိနစ်မှ ၇ မိနစ်ခန့် ညင်သာစွာ ပွတ်ပေးပါ။ ဦးနှောက်အတွင်း ကိုက်ခဲမှုဝေဒနာနဲ့ ဆက်နွယ်ပြီး လက်မောင်းမှာ နာကျင်မှုအတိုင်းအတာ ထိန်းချုပ်ပေးတဲ့ အာရုံကြောအဆုံးသတ်တွေဟာ လက်ဖဝါးမှာ တည်ရှိကြတာဖြစ်ပါတယ်။

လက်မှာရေခဲတုံးပွတ်ပေးခြင်းဖြင့် နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။ စစ်တမ်းကောက်ယူမှုတွင် ဖြေကြားသူ ၉၅% နီးပါးက ဒီနည်းစနစ်ဟာ သွားကိုက်ဝေဒနာကို လျော့နည်းသွားစေကြောင်း အတည်ပြုပြောဆိုခဲ့ကြပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top