iMyanmarHouse.com - Best Property Website for Myanmar
×

နေ့ စဉ် ငါးကြီးဆီစားပေးခြင်းက မျက်ရည်ခန်းခြောက်တဲ့ရောဂါကြောင့် အမြင်အာရုံ ပျက်ယွင်းမှုကနေ ကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ ရှိခဲ့ရပါတယ်။

Omega-3 fatty acid ပါဝင်တဲ့ ငါးကြီးဆီကို နေ့ စဉ် မှီဝဲပေးခြင်းဟာ နှလုံးနှင့်သွေးလမ်းကြော ဆိုင်ရာရောဂါတွေဖြစ်တဲ့ နှလုံးဖောက်ခြင်းနဲ့ လေသင်တုန်းဖြတ်တာတွေကို ကာကွယ်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိကြောင်း ဆေးပညာပါရဂူတွေက နှစ်ပေါင်းများစွာပြောဆို လာခဲ့ကြပါတယ်။ ယခုအခါမှာတော့ ငါးသေတ္တာငါး၊ ဆယ်မွန်ငါးနဲ့ မက်ကရက်ငါးတို့ မှာ အစေ့အဆံတွေမှာ အများဆုံးတွေ့ ရတဲ့ polyunsaturated ခေါ် သွေးထဲ ကိုလက်စထရောဖြစ်ပေါ်မှုကို အားမပေးတဲ့အဆီဟာ ‘dry eye syndrome’ ခေါ် မျက်ရည်ခြောက်ခန်းရောဂါကို တိုက်ဖျက်ရာမှာလည်း အဓိကကျကြောင်း လေ့လာတွေ့ ရှိခဲ့ရပါတယ်။

ဒီလေ့လာတွေ့ ရှိချက်ကို အိန္ဒိယနိုင်ငံ၊ Chandigarh မြို့ မှာရှိတဲ့ Advanced Eye Centre က ပညာရှင်တွေက တွေ့ ရှိခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံ၊ San Diego မှာ ကျင်းပသွားမယ့် အမေရိကန် မျက်စိတိမ်စွဲ၊ မျက်စိမှုန် ရောဂါခွဲစိတ်ကုသမှု စာတမ်းဖတ်ပွဲမှာ တင်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Omega-3 ဖြည့်စွက်အဆီဆေးတွေဟာ မျက်ရည်ခန်းခြောက်တဲ့ရောဂါကို ၁၀၅ ရာခိုင်နှုန်းအထိ တိုးတက် ကောင်းမွန်မှုရှိစေတယ်လို့ ဆိုပါတယ်။

Dry eyes ခေါ် မျက်ရည်ခန်းခြောက်တဲ့ရောဂါဟာ မျက်စိရောဂါတွေထဲမှာ အဖြစ်အများဆုံး ဖြစ်ပြီး လူဦးရေ ရဲ့ ၃၃ ရာခိုင်နှုန်းမှာ ဒီရောဂါရှိနေပါတယ်။ ဝေဒနာရှင်တွေဟာ မျက်စိယားယံ၊ မျက်စိနာနာကျင်ကျင်စူးအောင့် တာမျိုးနဲ့ အလင်းရောင်ကို မခံနိုင်တာတွေ စတဲ့လက္ခဏာတွေရှိနိုင်ပြီး မကုသဘဲထားပါက မျက်စိ ပျက်စီးမှု၊ အမြင်အာရုံချို့ ယွင်းမှုနဲ့  တစ်ချို့ ဆိုးရွားတဲ့အခြေအနေတွေမှာဆိုရင် မျက်လုံးကန်းတဲ့အထိ ဖြစ်စေနိုင်ကြောင်း သိရပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top