iMyanmarHouse.com - Best Property Website for Myanmar
×

မူလအစက ဥရောပမှ မျက်လုံးအရောင်ခြယ်သမှု ပျံ့နှံ့စေခဲ့တဲ့ သန္ဓေပြောင်းလဲမှု မတီထွင်ခင် အချိန်ထိ လူတိုင်း မျက်လုံးအညိုရောင် ရှိခဲ့ကြတာပါ။ OCA2 မျိုးရိုးဗီဇ ပြောင်းလဲမှုက လူမှာ နဂိုဖြစ်ပေါ်တဲ့ မူလပါအရောင်ကို ပြောင်းလဲစေခဲ့ပြီး အညိုရောင်မျက်လုံးပုံစံကို အနည်းငယ် အသွင်ပြောင်းလဲစေခဲ့ပါတယ်။

သို့သော် OCA2 gene အကြောင်း အချက်အလက်တွေ သိထားပေမယ့်လို့ သိပ္ပံပညာရှင်တွေက မျက်လုံးအပြာရောင်ဖြစ်လာစေတဲ့ အရင်းအမြစ်ကို ရှာမတွေ့နိုင်ခဲ့ပါဘူး။ သန္ဓေပြောင်းထားတဲ့ HERC2 ဗီဇကို လေ့လာပြီးတဲ့နောက်မှာတော့ သိပ္ပံပညာရှင်များက ဒီအချက်က မျက်လုံးအပြာရောင်ဖြစ်လာပေါ်လာရခြင်း အကြောင်းရင်းအဖြစ် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါဟာ မျက်လုံးအရောင်အစင်း ဘယ်လောက်အထိ နက်ပေးလဲဆိုတဲ့ အချက်ကို ဆုံးဖြတ်ပေးတဲ့ မျိုးရိုးဗီဇပဲ ဖြစ်ပါတယ်။

ဒါဟာ လူတွေ အာဖရိမှ ဥရောပကို ရွေ့ပြောင်းနေထိုင်တဲ့အချိန်မှာ ဖြစ်ပေါ်ခဲ့တာလို့ သိပ္ပံပညာရှင်များက ယုံကြည်ထားပါတယ်။ ဆိုလိုတာက မျက်လုံးအပြာရောင်ဖြစ်သူ အားလုံးဟာ ယူရိုပီယံမျိုးရိုးမှ ဆင်းတက်လာကြ သူတွေဖြစ်တဲ့ သဘောဖြစ်ပါတယ်။

 ဒီ သီအိုရီကို မျက်လုံးအပြာရောင် ရှိသူတိုင်း မျိုးရိုးဗီဇ တစ်ခုတည်း ပိုင်ဆိုင်ထားသူတွေ ဆိုတဲ့ အထောက်အထားနဲ့ အတည်ပြုထားခြင်းဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဥရောပလူများရဲ့ ကိုယ်ပိုင်လက္ခဏာကို သိရှိခြင်း မရှိခဲ့ပါဘူး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top