iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ်အင်တာဗျူး အခေါ်ခံရလို့ ငါဘာတွေ ပြင်ဆင်သွားရမလဲဆိုတဲ့ အချက်ကို အင်တာဗျူးဖြေမယ့် လူတိုင်း စဉ်းစားတတ်ကြပေမယ့် ငါဘာတွေဟိုမှာ မလုပ်သင့်ဘူးလဲ ဆိုတာကိုတော့ သိပ်မတွေးမိတတ်ကြပါဘူး။ တစ်ခါတစ်လေ သင်ပြုမူလုပ်ဆောင်လိုက်တဲ့ အရာတွေကြောင့် သင်မျှော်လင့်နေတဲ့ အခွင့်အရေး၊ အခွင့်အလမ်းတွေ လက်လွတ်ဆုံးရှုံးသွားရတာမျိုးတွေ ရှိပါတယ်။ ဒီတော့ အလုပ်အင်တာဗျူးဖြေမယ့်သူတွေ သိထားသင့်တဲ့ ရှောင်ရန် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ကိုယ်ယူသွားတဲ့ အရာတစ်ခုခုကို အင်တာဗျူးစားပွဲပေါ် မေ့ထားခဲ့မိခြင်း
အလုပ်အင်တာဗျူးခန်းမထဲ ၀င်ရတော့မယ်ဆို သင့်စိတ်တွေ လှုပ်ရှားနေမိမှာပေါ့။ ဒီတော့ သင့်လက်ထဲက ကော်ဖီခွက်ကို အခန်းထဲယူသွားမိတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒါက ကိစ္စ သိပ်မရှိသေးပါဘူး။ ဒါပေမယ့် အင်တာဗျူးဖြေပြီးလို့ အဲ့ဒီကော်ဖီခွက်ကို အင်တာဗျူးစားပွဲပေါ် တင်ပြီး ပြန်ထွက်လာမိရင်တော့ သင့်ကိုပေးမယ့်အမှတ်တွေကို သူတို့အားလုံးပြန်သိမ်းသွားပါလိမ့်မယ်။

၂။ထိုင်ခုံကို ဟိုဘက်လှည့် ဒီဘက်လှည့် လုပ်နေမိခြင်း
သင်ထိုင်ရတဲ့ ထိုင်ခုံကို သင်စိတ်လှုပ်ရှားပြီးတော့ ဖြစ်စေ၊ မေးခွန်းတစ်ခုခုကို တွေးတောနေချိန်ဖြစ်စေ ဟိုဘက်လှည့် ဒီဘက်လှည့်လုပ်နေခြင်းက သင်စိတ်ဟာ မတည်ငြိမ်ဘူးဆိုတာကို ဖော်ပြလိုက်သလို ဖြစ်နေတာကြောင့် ဒါကလည်း မသင့်တော်တဲ့ အပြုအမူတစ်ခုပါပဲ။

၃။ဖုန်းနဲ့ text ပို့နေခြင်း
သင့်ကို အင်တာဗျူးတဲ့သူက ဘယ်လောက်အေးဆေးတဲ့သူ၊ တော်တော်လေး ခင်မင်ရသူ ဖြစ်ပါစေ၊ သင်ဟာ သူ့ကိုဖြေလိုက်၊ ဖုန်းကနေ တစ်ဖက်ကို message ပို့လိုက် လုပ်နေရင်တော့ သင်ဟာ ဒီအလုပ်ကို မလေးစားသလို တစ်ဖက်လူကိုလည်း မလေးစားရာရောက်တာကြောင့် ဒါကိုရှောင်ပါ။

၎။ကိုယ်နဲ့အဆင်မပြေတဲ့ ၀တ်စုံကိုဝတ်ဆင်သွားမိခြင်း
သင့်ကို အင်တာဗျူးလာဖို့ ဖုန်းဆက်ဆက်ချင်း သင့်အနေနဲ့ အင်တာဗျူးသွားဖြေတဲ့အခါ ဘယ်လိုအ၀တ်အစား ၀တ်သွားမလဲဆိုတာ သေချာစဉ်းစားဖို့ လိုပါတယ်။ သင့်အတွက် သက်တောင့်သက်သာ မရှိတဲ့ အ၀တ်အစားကို ၀တ်ဆင်သွားမယ်ဆိုရင် သင်အင်တာဗျုးဖြေတဲ့အခါမှာလည်း အဲ့ဒီကို စိတ်ရောက်ပြီး ကောင်းကောင်းမွန်မွန်မဖြေနိုင်တော့ပါဘူး။ သူတို့ကလည်း သင့်ကိုကြည့်ရတာ အဆင်မပြေဖြစ်နေမှန်း တန်းသိပါလိမ့်မယ်။ ဒီတော့ ဖက်ရှင်ကျနေဖို့ထက် သင့်အတွက် အဆင်ပြေသင့်တော်တဲ့ အ၀တ်အစားကိုသာ ရွေးချယ်ပါ။

၅။ဟိုလူ့တစ်မျိုး ဒီလူတစ်မျိုး ဆက်ဆံခြင်း
သင်ဟာ ရုံးကအခြားသော ၀န်ထမ်းတွေကို ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံခြင်း မပြုပဲ သင့်ကို အင်တာဗျူးမယ့်သူကိုသာ မျက်နှာချိုသွေးနေတာမျိုးလည်း လုံးဝမဖြစ်သင့်ပါဘူး။

၆။ဖုန်းကို မပိတ်ထားမိခြင်း
အင်တာဗျူးဖြေနေတုန်း ဖုန်းလာတာမျိုးဟာ နှစ်ဦးနှစ်ဖက်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါပေမယ့် ပိုဆိုးတာက လာတဲ့ဖုန်းကို ဖြေဆိုလိုက်ခြင်း၊ ဒါမှမဟုတ် message ပြန်ပို့နေခြင်း စတာတွေပါပဲ။ ဒီလိုလုပ်မယ့်အစား ဖုန်းကို အင်တာဗျူးခန်းထဲ မ၀င်ခင် အရင်ဆုံး ပိတ်လိုက်ပါ။ ဒီလိုမလုပ်မိလို့ အင်တာဗျူးဖြေနေချိန် ဖုန်းလာရင်လည်း ဖုန်းကို လက်တစ်ဖက်ကနေ ပါဝါပိတ်ပစ်လိုက်တာ အကောင်းဆုံးပါ။

၇။ဘောပင်ကို တစ်တောက်တောက် လုပ်နေမိခြင်း
သင်ဟာ စိတ်လှုပ်ရှားလွယ်သူတစ်ယောက်လား၊ ဒါမှမဟုတ် အင်တာဗျူးဖြေရတာမျိုးကို ရင်ခုန်တတ်သူလား။ သင်ဟာ စိတ်လှုပ်ရှားလွယ်သူဆိုရင်တော့ သင့်လက်ထဲမှာ ကိုင်ထားတဲ့ ဘောပင်ကို တစ်တောက်တောက် လုပ်မနေမိစေဖို့နဲ့ ခြေထောက်ကို တောက်လျှောက် လှုပ်မနေမိစေဖို့ပါပဲ။

၈။ဖိနပ်ကို ချွတ်လိုက် ပြန်စီးလိုက် လုပ်နေခြင်း
သင်စီးလာတဲ့ ဖိနပ်က သင့်အတွက် သက်တောင့်သက်သာ မရှိလို့ ချွတ်လိုက်၊ စီးလိုက် လုပ်နေတာ အင်တာဗျူးဖြေဆိုဖို့ ထိုင်စောင့်နေကတည်းက ဆိုပါစို့။ အင်တာဗျုးဖြေဖို့ အခန်းထဲ ၀င်သွားတဲ့အခါမှာလည်း မေးခွန်းတစ်ခုလောက် ဖြေလိုက် ခြေထောက်ကို လှမ်းကိုင်လိုက်၊ ချွတ်ထားတဲ့ ဖိနပ်ကို ပြန်ထိုးသွင်း စီးလိုက် လုပ်နေတာမျိုး လုံးဝရှောင်ကြဉ်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top