iMyanmarHouse.com - Best Property Website for Myanmar
×














အဆိုတော် ဝိုင်းစုခိုင် သိန်းသည် အမျိုးသားအဆိုတော် များနှင့် တွဲဖက်သီဆိုထားသော ‘ခါချနေရတယ်’ဒီဗီဒီကို ပြီးခဲ့ သည့်ရက်ပိုင်းက ဖြန့်ချိခဲ့ရာ ယခင်အခွေများထက် ရောင်းအားပို ကောင်းနေပြီး အခွေအသံစနစ် မြှင့်ထားခြင်းကြောင့် အဆင်မပြေ မှုများကိုလည်း ဝိုင်းစုခိုင်သိန်းက ပရိသတ်များအား ရှင်းပြခဲ့သည်။

‘‘ပရိသတ်တွေအားလုံးက အခွေက အသံမလာဘူးလို့ ပြော ကြတယ်။ အသံမလာတာက System နည်းနည်းမြှင့်ထားလို့ တစ်မျိုးဖြစ်နေတာ။ ဝိုင်းစုတို့က အရင်အခွေတွေဆိုရင် အသံတစ်ခါတည်းထွက်ပြီး ကာရာအိုကေ ဆိုမယ်ဆိုရင် Left/Right ခွဲလိုက် ရတယ်။ အသံပျောက်နေတာကို Left/Right ခွဲလိုက်ရင် အသံပြန် ပေါ်လာလိမ့်မယ်။ တချို့စက်တွေ က Audio လို့ပေါ်တယ်။ တချို့ စက်တွေက Language လို့ပေါ် တယ်။ အဲဒီအထဲကနေ ဝင်ပြောင်းရတာပါ’’ဟု ခါချနေရတယ် ဒီဗီဒီ အခွေနှင့်ပတ်သက်၍ ဝိုင်းစုခိုင် သိန်းက ပြောသည်။

သို့သော်လည်း လက်ရှိကူး ယူထားသည့် အခွေများကုန်၍ ထပ်မံကူးသည့်အခွေများတွင်မူ အခွေအသံစနစ်ကို ပုံမှန်အတိုင်းပြန်လည်ပြုလုပ်ပေးမည်ဟု ၎င်း က ဆိုသည်။

‘‘အခြေအနေအရမ်းကောင်း ပါတယ်။ အရင်ခွေတွေထက် ပို ကောင်းပါတယ်’’ဟု ဝိုင်းစုခိုင်သိန်း က ခါချနေရတယ် ဒီဗီဒီအခွေ ရောင်းအားနှင့်ပတ်သက်၍ ပြော သည်။

‘ခါချနေရတယ်’ဒီဗီဒီကို ဒီဇင်ဘာ ၅ ရက်တွင် စတင်ဖြန့်ချိ ပေးခဲ့ပြီး ရန်ကုန်ပရိုမိုးရှင်းပွဲကို ယင်းနေ့ညနေ၌ လှည်းတန်းစင် တာတွင် ပြုလုပ်ခဲ့ရာ ပရိသတ်များ   ကြိတ်ကြိတ်တိုးအားပေးခဲ့ သည်။ ထို့အပြင် ဒီဇင်ဘာ ၆ ရက် တွင် မန္တလေးမြို့၊ ဒီဇင်ဘာ ၇ ရက်တွင် မုံရွာနှင့် ဒီဇင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့များ၌ ပရိုမိုး ရှင်းပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ပရိသတ်အားပေးမှုများ   ရရှိခဲ့ သည်။

‘ခါချနေရတယ်’ အခွေတွင် ဝိုင်းစုခိုင်သိန်းက အမျိုးသားအဆို တော်များနှင့် စုံတွဲတေးသီချင်း များ သီဆိုထားပြီး အော်ဒီယိုစီဒီကို ယခုနှစ် ဖေဖော်ဝါရီက ချစ်သူများနေ့ အမှတ်တရအဖြစ်   ဖြန့်ချိခဲ့ သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top