iMyanmarHouse.com - Best Property Website for Myanmar
×

ကျွန်တော်တို့ မှာ ဖုန်းကို လက်ကမချတတ်တဲ့ သူငယ်ချင်းမျိုး ရှိတတ်ပါတယ်။ ကိုယ်နဲ့ အတူတူ ရှိနေတုန်း ဖုန်းတွေပြောလိုက်၊ စာတွေပြန်လိုက်၊ အင်တာနက်သုံးလိုက် အလုပ်ရှုပ်နေတတ်တဲ့ သူမျိုးပေါ့။ ပထမတော့ သူ့ ကို နားလည်ပေးနိုင်သေးတယ်။ ကြာလာတော့ သူ့ ရဲ့ ကိုယ့်ကို လျစ်လျူရှုသလိုဖြစ်နေတဲ့ အပြုအမူတွေကို သည်းမခံနိုင်ဖြစ်နေပြီမလား။ သူ ဖုန်းမသုံးအောင် ဘယ်လိုလုပ်ရမလဲ။ 

ပထမဆုံးအနေနဲ့  ဒီလို သူငယ်ချင်းဘ၀မျိုးကို သင်တန်ဖိုးထားသေးလားဆိုတာ ဆုံးဖြတ်ဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်အနေနဲ့ ရွေးချယ်စရာ သုံးခုရှိပါတယ်။ ဖွင့်ပြောပြီးဖြေရှင်းလိုက်ပါ။ ဒါမှမဟုတ် သူ့ အကျင့်ကို လက်ခံပေးပါ။ နောက်ဆုံးတစ်ခုကတော့ လက်လျှော့လိုက်ဖို့ ပါ။

သူ့ ရဲ့အကျင့်ဆိုးကို ဖွင့်ပြောပြီးဖြေရှင်းမယ်ဆိုရင် - ရွေးစရာတွေ ရှိပါသေးတယ်။ ကြိုတင်လက်ဦးမှု ယူတဲ့အနေနဲ့  “ နေ့ လယ်စာတူတူစားဖို့ တွေ့ ရအောင် - ဒါပေမယ့် ဖုန်းကင်းမဲ့ဇုန်ဆိုမှနော်” ဒါမှမဟုတ်လည်း “ ဖုန်းပြောဖို့ စားပွဲက ထပြီဆိုတာနဲ့ ၊ ၀ိုင်တစ်ခွက် ၀ယ်တိုက်ကြေး” ဆိုပြီးလည်း အကွက်ချလို့ ရပါတယ်။ ဒါမှမဟုတ် ကိုယ်က စကားကောင်းနေတုန်း သူကဖုန်းပဲ ကလိနေတယ်ဆိုရင် “ မင်းလုပ်စရာရှိလုပ်ကွာ၊ နောက်မှတွေ့ မယ်” ဆိုတာမျိုးပေါ့။ ဒါမှမဟုတ်လည်း ပွင့်ပွင့်လင်းလင်းပဲ မင်းဒီလိုပဲ ဖုန်းသုံးနေမယ်ဆိုရင် မင်းနဲ့  တွေ့ ဖို့ ငါအချိန်မပေးနိုင်တော့ဘူး” လို့ သာ ပြောချလိုက်ပါ။

ဒီလိုမျိုးဖွင့်ပြောဖို့ အဆင်မပြေဘူးဆိုရင်တော့ - သူ့ ရဲ့အကျင့်ကို လက်ခံဖို့ ကြိုးစားကြည့်ပါ။ ကိုယ်က သူ့ ကို ဖုန်းမသုံးနဲ့ လို့ အတင်းအကျပ် သွားလုပ်နေရင်လည်း အရေးကြီးတဲ့ဖုန်းတွေ လွတ်သွားရင် ကိုယ်အပြစ်တင် ခံနေရဦးမယ်။ ဒါမှမဟုတ် သူ့ အလုပ်က အမြဲတမ်းဖုန်းအဆက်အသွယ်လုပ်နေရတဲ့ အလုပ်မျိုးဆိုရင် ကိုယ်က မသုံးနဲ့ လို့ သွားတားထားရင် သူ့ သောကတွေများအောင် လုပ်သလိုပဲဖြစ်နေမှာပါ။ ပိုကောင်းတဲ့အိုင်ဒီယာ တစ်ခုကတော့ သူနဲ့ တွေ့ တဲ့အခါ သူရော ကိုယ်နဲ့ ပါ ခင်တဲ့သူငယ်ချင်းတွေခေါ်သွားပါ။ ဒါဆို သူဖုန်းပြော၊ ဖုန်းကလိနေရင်တောင် သင်ပျင်းရမှာ မဟုတ်တော့ပါဘူး။

နောက်ဆုံးရွေးချယ်စရာတစ်ခုကတော့ သူနဲ့ သူငယ်ချင်းအဖြစ်ကို လက်လျှော့လိုက်ဖို့ ပါပဲ။ ကိုယ့်ကို အချိန်ပေးထားတဲ့ သူငယ်ချင်းထက် စမတ်ဖုန်းကို ပိုခင်တွယ်နေတဲ့ သူငယ်ချင်းမျိုးအတွက် သူ့ ရဲ့ အကျင့်က ဘယ်လိုအကျိုးဆက်တွေရှိလာနိုင်လဲဆိုတာ သူ သတိပြုမိဖို့ လိုအပ်နေပါတယ်။

သူငယ်ချင်း ဆက်ဆံရေးဟာ မပြီးပြည့်စုံဘူးဆိုရင် နောက်ပြန်ဆုတ်လို့ ရပါတယ်။ ဟေး နေကောင်းလား၊ သွားတော့မယ် လောက်ပြောပြီး ကြားထဲမှာ ကိုယ့်ကို ပစ်ထားတဲ့ သူငယ်ချင်းမျိုးထက် အတူရှိနေတုန်းမှာ ကိုယ်လည်း စိတ်ချမ်းသာ၊ပျော်ရွှင်ရတဲ့လူမျိုးတွေနဲ့ သူငယ်ချင်းဘ၀ကိုပဲ ဦးစားပေးသင့်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top