iMyanmarHouse.com - Best Property Website for Myanmar
×

သူငယ်ချင်းတွေက သင့်ကိုအပြင်တစ်နေရာသွားဖို့ ခေါ်တဲ့အခါ သင်က ငါ့အမျိုးသားကို မေးကြည့်ပြီး လိုက်ဖြစ် မလိုက်ဖြစ် ပြန်ပြောမယ်လို့ သင့်သူငယ်ချင်းတွေကိုပြောရင် သူတို့သင့်ကိုဟားပါလိမ့်မယ်။ ပြီးတဲ့အခါ နင်ကတစ်ခုခု လုပ်ဖို့ခွင့်တောင်းရတယ် ဟုတ်လားဆိုပြီး ထပ်မေးမြန်းနိုင်ပါသေးတယ်။ ငါတို့ကတော့ ကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ့်ဆုံးဖြတ်ခွင့်နဲ့ ကိုယ်ပဲလို့တောင် သူတို့ထပ်ပြောဆိုသွားပါလိမ့်ဦးမယ်။ ဒါပေမယ့် အိမ် ထောင်ရေးတစ်ခု ခိုင်မြဲဖို့ အမျိုးသားက အမျိုးသမီးကို၊ အမျိုးသမီးက အမျိုးသားကို ခွင့်တောင်းတယ်ဆိုတာ သိမ်ငယ်စရာတော့  မဟုတ်ပါဘူး။ ဒါဟာ သင်တို့အိမ်ထောင်ရေးအတွက် ဘာ့ကြောင့် ကောင်းမွန်တဲ့အရာ ဖြစ်သလဲဆိုတဲ့ အကြောင်းပြချက်လေးတွေ ရှိပါတယ်။

၁။ ခွင့်တောင်းခြင်းဟာ တစ်ဦးအပေါ် တစ်ဦး လေးစားမှုရှိတယ်ဆိုတဲ့ သင်္ကေတတစ်ခုပါ။

အမျိုးသားက ကိုယ့်အိမ်သူကို သူတစ်နေရာသွားလို့ အဆင်ပြေမလားလို့ မေးလာရင် သူ့သူငယ်ချင်းတွေက မိန်းမကြောက်လိုက်တာလို့ ပြောကြပါတယ်။ တကယ်တော့ ဒါဟာ သူတို့နှစ်ဦးအချင်းချင်းထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှု သင်္ကေတသဘောလေးပါ။ ဒါကို တခြားအပြင်လူတွေ သိမြင်ခံစားနိုင်ကြပါ့မလား။ ဒါ့ကြောင့် ကိုယ်အလုပ်ပြောင်းမယ်ဆို ကိုယ့်အိမ်သူသက်ထား၊ ကိုယ့်ခင်ပွန်းကို တိုင်ပင်တာမျိုးတွေ၊ ကိုယ်ပစ္စည်းတစ်ခု ကြီးကြီးမားမား ၀ယ်တော့မယ်ဆို ကိုယ့်ခင်ပွန်းကို လှမ်းတိုင်ပင်တာမျိုးတွေဟာ အိမ်ထောင်တစ်ခုတည်မြဲစေဖို့ တစ်ဦးနဲ့တစ်ဦးအပေါ်ထားတဲ့ လေးစားမှုဆိုတဲ့အရာကို မြင်သာထင်သာရှိစေပါတယ်။

၂။ဒါဟာ နောင်ပြသနာဖြစ်လာစရာ အခြေအနေမျိုးကိုလည်း နည်းပါးသွားစေပါတယ်။

ခုလုပ်ချင်တာလုပ်လိုက်မယ်၊ နောင်ဖြစ်မှနောင်ရှင်းဆိုတဲ့ အခြေအနေတွေများလာရင် အိမ်ထောင်ရေး မသာယာနိုင်တော့ပါဘူး။ ဒါ့ကြောင့် အရင်ဆုံးတစ်ဦးနဲ့တစ်ဦး တိုင်ပင်တာကတော့ အကောင်းဆုံးပါပဲ။ တစ်ခုခု မလုပ်ခင် နှစ်ဦးသားဆုံးဖြတ်ချက်အတူချခြင်းဟာ အဖြေကဘာဖြစ်လာ ဖြစ်လာ လက်မခံနိုင်စရာအကြောင်းလည်း မရှိတော့သလို တစ်ဦးနဲ့တစ်ဦး ဒါနင့်ကြောင့် ဒါငါ့ကြောင့်ဆိုပြီး လက်ညှိုးထိုးပြောဆိုရတဲ့ အခြေအနေတွေ မရှိနိုင်တော့ပါဘူး။

၃။နှစ်ဦးစလုံးဟာ အင်အားကြီးတစ်ခုရှိသလိုကို ခံစားရပါလိမ့်မယ်။

တစ်ချို့က ပြောနိုင်ပါတယ်။ မင်းတို့ကလည်း သားသမီးနဲ့မိဘ ဆက်ဆံရေးကျနေတာပဲ ဆိုတာမျိုးပေါ့။ ဒါပေမယ့်နှစ်ဦးစလုံးက တစ်ယောက်နဲ့တစ်ယောက် ခုလို လေးစားသမှုနဲ့ ခွင့်တောင်းတာမျိုးဟာ ကိုယ်တိုင်ဆုံးဖြတ်ချက် မချနိုင်ကြလို့ မဟုတ်ပါဘူး။ အဲ့ဒီလို တစ်ယောက်တည်း မဆုံးဖြတ်ချင်ကြတာကြောင့်ပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ်။ ဒါ့ကြောင့် လေးလေးစားစားဆက်ဆံကြတယ်ဆိုတာ ပြသလိုက်တဲ့သဘောပါပဲ။ ခုလို လုပ်ဆောင်ချက်တွေ များလာရင် သင်တို့နှစ်ဦးဟာ ယုံကြည်မှုတွေ ပိုတိုးလာပြီး အိမ်ထောင်ရေးသုခ ပိုမို ခံစားရပါလိမ့်မယ်။

၎။တစ်ဦးနဲ့တစ်ဦး စိတ်ချင်းဆက်နွယ်မှု ပိုရှိလာသလို တစ်ဦးနဲ့တစ်ဦးပိုနားလည်လာကြတယ်။

ဝမ်းနည်းစွာ ကြားသိရတဲ့ အိမ်ထောင်ရေးအဆင်မပြေတဲ့ စုံတွဲတွေမှာ နှစ်ယောက်မှာ တစ်ယောက်က အထီးကျန် ခံစားနေရတာတွေ၊ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းဆက်နွယ်မှု မရှိတာတွေ ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ တစ်ယောက်ဟာ သူ့အမျိုးသားအတွက် အတူအိပ်တာကလွဲလို့ အမျိုးသားနဲ့ပတ်သက်ပြီး ၀င်ရောက်ပြောဆိုတာမျိုးလည်း မရှိကြပါဘူးတဲ့။ နိုးလာတဲ့အခါ ဟယ်လိုတစ်ခွန်းလောက် နှုတ်ဆက် အလုပ်သွား၊ အလုပ်ရောက်တဲ့အခါ ဖုန်းတွေ၊ စာတိုတွေတောင် ပို့တာမရှိ၊ အိမ်ပြန်ရောက်တော့ ကလေးတွေနဲ့ဆော့၊ တစ်ယောက်နဲ့တစ်ယောက် စကားတစ်ခွန်းမှ မပြောကြပဲ နောက်ဆုံးအိပ်ယာဝင်သွားကြတာပါပဲ။

ဒီလိုနှစ်ဦးသား ဆက်ဆံရေးမှာ အတူရှိပေမယ့် မိုင်တွေခြားနေသလို မဖြစ်ဘူးလား။ တကယ်တော့ နှစ်ဦးစလုံးမှာ နေ့တိုင်းအတွက် ချိတ်ဆက်မှုတွေရှိနေရပါမယ်။ ငါ့ဘာသာငါ လုပ်နိုင်တယ်ဆိုတာ တစ်ယောက်တည်း နေတုန်းကတော့ ကောင်းပါတယ်။ နှစ်ဦးဖြစ်လာရင်တော့ တစ်ဦးကိုတစ်ဦး လေးစားသင့်ရင် လေးစားရမယ်၊ ပြောဆိုရမယ့်အခြေအနေတွေဆိုရင်လည်း ပြောဆိုရပါမယ်။ ဒီတော့ တစ်ဦးနဲ့တစ်ဦး စိမ်းမနေအောင် နားလည်မှုလေးတွေနဲ့ ပြောဆိုလုပ်ဆောင်ကြည့်ပါ။ တစ်ခုခုဆို လေးစားမှုကို ပြသတဲ့အနေနဲ့ သူ့ကိုခွင်းတောင်းတာမျိုးလေးတွေ လုပ်ပါ။ တစ်ဦးနဲ့တစ်ဦး စိတ်ချင်းဆက်နွယ်မှု နီးစပ်မှုတွေ ရှိလာအောင် လုပ်ကြည့်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top